ထိုင်ဝမ်နှင့် မြောက်ကိုရီးယား အရေးအပေါ် ဘိုင်ဒင်နှင့် ရှီတို့ ပြတ်ပြတ်သားသား ဆွေးနွေးခဲ့

0
261

အင်ဒိုနီးရှား၊ နိုဝင်ဘာ ၁၄

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့သည် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော သုံးနာရီဲကြာ တွေ့ဆုံမှုအတွင်း ထိုင်ဝမ်နှင့် မြောက်ကိုရီးယား အရေးတို့နှင့် ပတ်သက်၍ ပြတ်ပြတ်သားသား ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်သွားမှာပါ။ ဒါပေမယ့် ဒီလိုပြောတာက ပဋိပက္ခ ဖြစ်လာစေဖို့အတွက် မဟုတ်ပါဘူး၊ နှစ်နိုင်ငံကြားရှိတဲ့ ယှဉ်ပြိုင်မှုတွေကို တာဝန်သိစွာနဲ့ စီမံသွားဖို့ ကြိုးစားနေပါတယ်”ဟု ဘိုင်ဒင်က ရှီနှင့် တွေ့ဆုံမှု အပြီး ပြောခဲ့သည်။

တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်တွင် ထိုင်ဝမ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ဖြတ်ကျော်ခွင့်မရှိသည့် ပထမဆုံး အနီရောင်မျဉ်းဟု  ရှီက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားသည်။

ဘိုင်ဒင်သည် ရှီအား ထိုင်ဝမ်အပေါ် ထားရှိသော အမေရိကန်၏ မူဝါဒအပေါ် အာမခံရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ စစ်အေးတိုက်ပွဲသစ် ဖြစ်ရန် မလိုအပ်သလို တရုတ်ဘက်ကလည်း တိုက်ပွဲသစ် စတင်ရန် ပြင်ဆင်နေပုံမရကြောင်း ဘိုင်ဒင်က ပြောသည်။

“တရုတ်ဘက်ကလည်း ထိုင်ဝမ်ကို ကျူးကျော်ဖို့ လတ်တလော ကြိုးပမ်းတာမျိုးတွေတော့ ရှိမယ်မထင်ပါဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အရေးနှင့်ပတ်သက်၍ ဘိုင်ဒင်က ပေကျင်းသည် ပြုံးယမ်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိမရှိ သိရှိရန် ခက်ခဲကြောင်း ပြောခဲ့သည်။

ထို့ကြောင့် အမေရိကန်သည် မိမိကိုယ်ကို ကာကွယ်ရန်နှင့် ၎င်း၏ မဟာမိတ် တောင်ကိုရီးယား၊ ဂျပန်တို့ကို ကာကွယ်ရန်အတွက် လိုအပ်သည့်ကိစ္စမှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် တရုတ်အား ပစ်မှတ်ထား လုပ်ဆောင်မည် မဟုတ်သော်ငြားလည်း မကြာခဏ ထိပ်တိုက် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဘိုင်ဒင်က ရှီအား ပြောခဲ့သည်။

 Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here