တွစ်တာကို ဝယ်ယူပြီးကတည်းက နေ့ညမအား အလုပ်များနေကြောင်း အီလွန်မက်စ်က G20 တွင် ပြောလာ

0
182

တွစ်တာကို ဝယ်ယူလိုက်ချိန်မှစ၍ အလုပ်လွန်စွာများနေကြောင်း ဘီလျံနာသူဌေးကြီး အီလွန်မက်စ်က ပြောခဲ့သည်။

လျှပ်စစ်ကားကုမ္ပဏီ တက်စလာ အပါအဝင် ကုမ္ပဏီပေါင်း လေးခုကို ဦးစီးနေရသော မက်စ်က ၄၄ ဘီလျံဖြင့် အဆိုပါ ဆိုရှယ် မီဒီယာကို ဝယ်ယူခဲ့ပြီးနောက် တစ်ပတ်လျှင် ခုနှစ်ရက်စလုံး၊ မိုးလင်းမှ မိုးချုပ်အထိ အလုပ်လုပ်နေရကြောင်း နိုဝင်ဘာလ ၁၄ ရက် တနင်္လာနေ့တွင် ပြောခဲ့သည်။

မက်စ်က “ကျွန်တော့်မှာ လုပ်စရာတွေ တစ်ပုံကြီးရှိနေတာတော့ သေချာပါတယ်” ဟု ဘာလီမြို့တွင် ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေးပွဲ ပြင်ပတွင် ပြုလုပ်ခဲ့သော စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ၌ အွန်လိုင်းမှ တစ်ဆင့် တက်ရောက်ကာ ပြောကြားခဲ့သည်။

တွစ်တာရှိ အလုပ်သမားများအား အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်ခြင်း၊ အကြီးတန်း အရာရှိများ နုတ်ထွက်သွားခြင်း၊ ကြေငြာရှင်များ ထွက်ခွာသွားခြင်းနှင့် အကောင့်တုများ များပြားလာခြင်း စသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မက်စ်က ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ်သည်။

G20 ဆွေးနွေးပွဲသို့ တက်ရောက်စဉ်အတွင်း မက်စ်က ဆန္ဒပြင်းပြနေသော စွန့်ဦးတီထွင်သူများအား ၎င်းတို့၏ အသုံးဝင်မှုနှင့် အရည်အချင်များကို ကျန်ရှိနေသော လူသားအားလုံးအတွက် အကောင်းဆုံး အသုံးချဖို့ အကြံပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here