ငြိမ်းချမ်းရေးအတွက် ယူကရိန်းအသင့်ဖြစ်နေပြီဟု ဇလန်းစကီးပြောကြား

0
253

ငြိမ်းချမ်းရေးအတွက် ယူကရိန်းဘက်မှ အဆင်သင့်ဖြစ်နေပြီဟု သမ္မတ ဇလန်းစကီးက ယနေ့ ခါဆန်သို့ ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။

“ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ နိုင်ငံတစ်ခုလုံးငြိမ်းချမ်းဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီဟု” ဇလန်းစကီး၏ ပြောကြားချက်ကို ရိုက်တာ သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

သို့ရာတွင် ခါဆန်တွင် မိုင်းများရှင်းလင်းရန် လိုအပ်နေသေးသဖြင့်ဟူ၍  သူအစောပိုင်းကပြောကြားခဲ့သည့်အတိုင်းပင် ယခုလည်း ခါဆန်သို့ သတင်းထောက်များ လာရောက်သတင်းယူခွင့်ကို ဆက်လက်တားမြစ်ထားဆဲဖြစ်ကြောင်းသိရသည်။

Source: Ukraine ready for peace, Zelensky says


LEAVE A REPLY

Please enter your comment!
Please enter your name here