ရှမ်းပြည်နယ်၊တန့်ယန်းမြို့တွင် ထော်လာဂျီယာဥ်တိမ်းမှောက် ၁ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

0
193

ရှမ်းပြည်နယ်၊တန့်ယန်းမြို့၊ရပ်ကွက် ၇ ရှိ ရေဆိပ် -ကျောက်တောင်သွားကားလမ်းတွင် နိုဝင်ဘာ ၁၅ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ သိရသည်။

ယနေ့နံနက် ၈ နာရီခွဲကျော်ခန့်က တန့်ယန်းမြို့၊ရပ်ကွက် ၇ ရှိ ရေဆိပ်-ကျောက်တောင်သွားကားလမ်းတွင် ထော်လာဂျီယာဥ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ တန့်ယန်းမြို့နယ်အရန်မီး သတ်တပ်ရင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ထော်လာဂျီယာဥ်ပေါ်လိုက်ပါလာသူများအနက် အမျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ် ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၃ ဦး(စုစု ပေါင်း ၇ ဦး)တို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား တန့်ယန်းမြို့နယ်အရန်မီး သတ်တပ်ရင်းမှ တန့်ယန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တန့်ယန်းမြို့နယ်အရန်မီးသတ်


LEAVE A REPLY

Please enter your comment!
Please enter your name here