နာမည်ကျော်သရုပ်ဆောင်မင်းသားကြီး ဂျွန်အန်နစ္စတန်ကွယ်လွန်

0
239

အမ်မီဆုရှင်အော်ပရာမင်းသားကြီးတစ်ဦးဖြစ်သကဲ့သို့ နာမည်ကျော်မင်းသမီး ဂျနီဖာအန်နစ္စတန်၏ဖခင်လည်းဖြစ်သည့် မင်းသားကြီးဂျွန်အန်နစ္စတန်သည် အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်းသိရှိရသည်။

သမီးဖြစ်သူ ဂျနီဖာအန်နစ္စတန်က အမေရိကန်ရေတပ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည့် ၎င်း၏ဖခင်သည်သောကြာနေ့(စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့)က ကွယ်လွန်သွားခဲ့ကြောင်း အင်စတာဂရမ်၌ တနင်္လာနေ့ကရေးသားဖော်ပြခဲ့သည်။

“ချစ်စရာကောင်းတဲ့ဖေဖေရေ ဖေဖေကနာကျင်မှုမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကောင်းကင်ဘုံကိုရောက်သွားလို့ ကျေနပ်မိပါတယ်၊ဖေဖေကကျွန်မသိခဲ့၊တွေ့ခဲ့သမျှသူတွေထဲမှာ အကောင်းဆုံးလူသားတစ်ယောက်ပါ၊မှတ်မှတ်ရရဖြစ်စေမဲ့ ၁၁ရက် ၁၁ လဆိုတဲ့နေ့စွဲလေးက အခုဆိုကျွန်မအတွက် ပိုသတိပြုမိစရာနေ့စွဲတစ်ခုဖြစ်သွားပါပြီ” ဟုလည်း ၎င်းကရေးသားခဲ့သည်။

မင်းသားကြီးအန်နစ္စတန်သည် သရုပ်ဆောင်လောကတွင် နာမည်ကြီးဇာတ်လမ်းပေါင်းများစွာကိုရိုက်ကူးခဲ့ဖူးသော်လည်း ၎င်း၏ Days of Our Lives ဒရမ်မာဇာတ်လမ်းတွဲသည် အကျော်ကြားဆုံးဖြစ်ကာ အကောင်းဆုံးဇာတ်ပို့ဆုအဖြစ် အမ်မီဆုကို ၂၀၁၇ ခုနှစ်ကဆွတ်ခူးရရှိခဲ့ဖူးသည်။

Source :AP


LEAVE A REPLY

Please enter your comment!
Please enter your name here