ဝယ်လိုအား ကျဆင်းမှုကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ မမျှော်လင့်ဘဲ ကျဆင်းလာ

0
258

သုံးစွဲသူများ၏ ဝယ်လိုအား ကျဆင်းမှုနှင့် သွင်းကုန်စရိတ်များ မြင့်တက်လာမှုကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ တတိယ သုံးလပတ်အတွင်း မမျှော်လင့်ဘဲ ကျဆင်းသွားခဲ့သည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ကိုးလဆက်တိုက် စီးပွားရေး အခြေအနေ တိုးတက်လာခဲ့ပြီးနောက်  ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အင်္ဂါနေ့တွင် သိရသော တရားဝင်အချက်အလက်များက ညွှန်ပြနေကြသည်။

မျှော်လင့်ထားသည်ထက် ဆိုးရွားခဲ့သော လုပ်ဆောင်ချက်များကြောင့် တစ်နှစ်ပတ်လုံး ပျမ်းမျှ စီးပွားရေး ကျဆင်းမှုမှာ ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

ကုန်ပစ္စည်း ဝယ်လိုအားမှာမူ ပြီးခဲ့သည့် သုံးလပတ်လက ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း ယခုအခါ ၀ ဒသမ ၃ ရာခိုင်နှုန်းသာ မြင့်တက်မှုရှိတော့သည်။

ကော်ပိုရေးရှင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခဲ့သော်လည်း ပုဂ္ဂလိက အိမ်ရာရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ရုံးက ဆိုသည်။ တစ်ချိန်တည်းမှာပင် ပို့ကုန်မှ ရရှိလာသော အမြတ်ငွေများသည်လည်း သွင်းကုန်စရိတ်များ မြင့်တက်လာခြင်းကြောင့် စီးပွားရေးတွင် အမြတ်အစွန်းအဖတ်မတင်ဘဲ မျှခြေတွင်သာ ရှိနေခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here