Tuesday, November 26, 2024

အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့်...

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍...

အာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိက ကူညီသင့်–ရုရှား

ရုရှား၏ သြဇာကြီးမားသော လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီရှိုဂူက မော်စကိုသည် အာဖဂန်တွင် ရေရှည်ငြိမ်းချမ်းရေးရရှိရေးအတွက် အကူအညီပေးလိုသည်ဟု အာဖဂန်နစ္စတန်၏ တာလီဘန်ခေါင်းဆောင်များကို တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနများကရေးသား...

မော်လမြိုင် စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသည့် ဆီဆိုင်ပိုင်ရှင်သည် နိုဝင်ဘာလ (၂၃) ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဘိုဘိုဝင်း...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင်...

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရပြီး ထိုသို့ဆောင်ရွက်နေမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီး...
HomeCelebrities' Newsထောင်ဒဏ် (၂) နှစ်စီ...

ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားပြန်လည် လွတ်မြောက်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်ကတည်းက ဖမ်းဆီးထိ မ်းသိမ်းခံရပြီး ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံထားရသ ည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် အဆိုတော် စောဖိုးခွားတို့မှာ ယနေ့ နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၂) ဦးသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နိုင် ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက်ပိုင်း အစောဆုံး ဖမ်းဆီးခံရသူများထဲတွင် ပါဝင်ခဲ့ပြီး ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံခဲ့ရသည့်အပြင် အဆိုတော်စောဖိုးခွားမှာသဘာ ဝဘေး စီမံခန့်ခွဲမှုဥပဒေဖြင့်ပါ အမှုဖွင့် တရားစွဲဆို ခံရခြ င်းဖြစ်သည်။

” သတင်းတော့ ကြားတယ်။ အဆက်အသွယ်တော့ မရသေးတော့ အတိအကျတော့ မပြောနိုင်ဘူး။ တကယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးနှင့် ရင်းနှီးသူ ပန်းချီဆရာတစ်ဦးက ပေါ်ပြူလာနယူး(စ်) ပြောသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပြန်လည် လွတ်မြောက်လာကြောင်း သမီးဖြစ်သူ မယ်မင်းထင်ကလည်း လူမှုကွန်ရက်စာမျက်နှာကတဆင့် မျှဝေထားပြီး ရင်းနှီးသူ များက ဝမ်းသာကြောင်း ပြောဆိုထားကြသည်။

အဆိုတော် စောဖိုးခွားတို့ ပြန်လည်လွတ်မြောက်လာသ ည့် သတင်းနှင့် ပတ်သက်၍ ‌ပေါ်ပြူလာနယူး(စ်) အနေ ဖြင့် မိသားစုဝင်များနှင့် ရင်းနှီးသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေပြီး အသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်က ဖမ်းဆီး ခံရသူများထဲတွင် စာရေးဆရာ မောင်သာချို၊ ဒေါ်သန်းမြင့်အောင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးအပါ အဝင် အထင်ကရပုဂ္ဂိုလ်များလည်း ပါဝင်နေပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ကို ပူးပေါင်း၍ စုဖွဲ့ထားရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍ စုဖွဲ့ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ထို့ပြင် အရေးပေါ်ကုသမှုဆေးပညာ အထူးကုဆရာဝန်များ၊ အရိုးအထူးကုဆရာဝန်များ၊ အကြောအဆစ် အထူးကုဆရာဝန်များပါ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး အားကစားသမားများ တားမြစ်ဆေးသုံးစွဲမှု စစ်ဆေးရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းကလည်း တိုင်းဒေသကြီး/ ပြည်နယ်များမှ အားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရန် နေပြည်တော် တည်းခိုရေးစခန်းသို့ ရောက်ရှိနေသည့် အားကစားသမားများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖွင့်လှစ်ထားသည့်...

အာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိက ကူညီသင့်–ရုရှား

ရုရှား၏ သြဇာကြီးမားသော လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီရှိုဂူက မော်စကိုသည် အာဖဂန်တွင် ရေရှည်ငြိမ်းချမ်းရေးရရှိရေးအတွက် အကူအညီပေးလိုသည်ဟု အာဖဂန်နစ္စတန်၏ တာလီဘန်ခေါင်းဆောင်များကို တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနများကရေးသား ဖော်ပြကြသည်။ အာဖဂန်တွင် နှစ်ပေါင်းများစွာ စစ်ရေးပါဝင်ပတ်သက်မှုရှိခဲ့သော အမေရိက အနေဖြင့် အာဖဂန်နစ္စတန်ပြန်လည်တည်ဆောက်ရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သည့် ရှိုဂူက ပြောကြားလိုက်သည်။ ကဘူးလ်အစိုးရကို အမေရိက၏ ပိတ်ဆို့ဒဏ်ခတ်မှု ဖိအားများမှ ပြေလျော့စေရေးအတွက် ၎င်းတို့ကို ကူညီရန် တာလီဘန်ခေါင်းဆောင်များက တောင်းဆိုခဲ့သည်ဟု ရုရှားသတင်းဌာနများက ဆိုခဲ့သည်။ ရှိုဂူခေါင်းဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြို့တော်ကဘူးလ်တွင် အာဖဂန်ဒုတိယဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအပါအဝင်...

မော်လမြိုင် စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသည့် ဆီဆိုင်ပိုင်ရှင် အသက်ဆုံးရှုံးခဲ့ရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသည့် ဆီဆိုင်ပိုင်ရှင်သည် နိုဝင်ဘာလ (၂၃) ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။ နိုဝင်ဘာ (၇)ရက် ညနေပိုင်းက ဆီဘောက်ယာဉ်မှ ဆီထည့်နေစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်ပိုင်ရှင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရာမှ နိုဝင်ဘာ (၂၃)ရက်တွင် အသ-က်ဆုံရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကျန်(၅)ဦးတွင် မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး ဒဏ်ရာသက်သာ၍ နိုဝင်ဘာ (၂၆)ရက်က ဆေးရုံဆင်းခွင့်ရခဲ့ပြီးလ က်ရှိတွင် မော်လမြိုင်ဆေးရုံကြီး၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071