ကန်ကြီးထောင့်တွင် မြစ်ရေတိုက်စားမှုကြောင့်မြစ်ကမ်းပါးပြိုကျ၍ ဆန်စက်ဂိုထောင်(၁)လုံး၊ နေအိမ်(၁)လုံးနှင့် သံကူကွန်ကရစ်တံတား(၁)စင်း မြစ်ထဲသို့ ပြိုကျပျက်စီး

0
188

ဧရာ၀တီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့တွင် မြစ်ရေတိုက်စားမှုကြောင့်

မြစ်ကမ်းပါးပြိုကျ၍ ဆန်စက်ဂိုထောင်(၁)လုံး၊ နေအိမ်(၁)လုံးနှင့် သံကူကွန်ကရစ်တံတား(၁)စင်း မြစ်ထဲသို့ ပြိုကျပျက်စီးမှုယ‌နေ့ (နို၀င်ဘာ ၁၅ ရက်) နေ့လည်ပိုင်းက

ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာတွင် မောင်းတီးမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် မြစ်ကမ်းဘေးရှိ ဆန်စက်ဂိုထောင်(၁)လုံး၊ နေအိမ်(၁)လုံးနှင့် သံကူကွန်ကရစ်တံတား(၁)စင်း မြစ်ထဲသို့ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်‌ေပးခဲ့ပြီး အိမ်ထောင်စုဝင်များဖြစ်သော ကျား(၂)ဦး၊ မ(၅)ဦးတို့အား နီးစပ်ရာဆွေမျိုးနေအိမ်များထံသို့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here