အနုပညာကြေးတွေစုပြီး မိဘနှစ်ပါးကို ဗုဒ္ဓဂယာ ဘုရားဖူးလိုက်ပို့မယ့် ဝင်းသပြေထွန်း

0
135

win-thapyay-tun-1

အနုပညာကြေးတွေစုပြီး မိမိရဲ့မိဘနှစ်ပါးကို ဗုဒ္ဓဂယာသို့ ဝင်းသပြေထွန်းက ဘုရားဖူးလိုက်ပို့မှာဖြစ်ပါတယ်။ ဒီခရီးကိုတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ ဒါမှမဟုတ် ၂ဝ ရက်နေ့မှာ သွားရောက်မှာဖြစ်ပြီး ၁ဝ ရက် ကြာမှာဖြစ်ပါတယ်။

” Ve Ve နဲ့ အငြိမ့်ကဖို့ ပွဲ ၄ဝ စာချုပ်ချုပ်ထားတယ်။ အဲဒီကရတဲ့ ပိုက်ဆံနဲ့လိုက်ပို့တာပါ။ ညီမက အရင်ကတည်းက အဖေနဲ့အမေကို လိုက်ပို့ပေးချင်တာပါ။ အဖေနဲ့အမေ ဗုဒ္ဓ ဂယာရောက်ရင် တအားကောင်းမှာပဲလို့ တွေးမိတယ်။ အဖေနဲ့အမေ ကျန်မာ ရေးလည်း ကောင်းတုန်း လိုက်ပို့ပေး ချင်တာပါ။ ဒီလိုလိုက်ပို့ ပေးခွင့်ရတဲ့အ တွက်လည်း ပျော်တယ်။ ပီတိလည်း ဖြစ်ရတယ်” လို့ သူ့ရဲ့ပီတိကို ဝင်းသပြေထွန်းက ပြောပါတယ်။

ခရီးသွားမယ့်ရက်တွေမှာ သူ့ကိုပွဲတွေလာငှားကြပေမယ့်လည်း မိဘနှစ်ပါးကို လိုက်ပို့ ပေးချင်တဲ့စိတ်ကြောင့် ဘာပွဲမှ လက်မခံထားခဲ့ပါဘူး။ ပွဲတွေ လက်မခံထားရ ခြင်းကလည်း အ လုပ်ကို မလေး စားလို့ မဟုတ်ဘဲ ဒီရက်ထဲမှာ သွားဖို့ကို စီစဉ်ထားပြီးသားဖြစ်လို့ပါလို့ သူက ပြောပါတယ်။ ဝင်းသပြေ ထွန်းက ဒီဇင်ဘာလက စတင်ပြီး VeVe နဲ့ နယ်လှည့်အငြိမ့် ဖျော် ဖြေပွဲတွေ စတင်ကပြ ရတော့မှာ ဖြစ်ပါ တယ်။ တစ်လမှာ ၃ ပွဲ ကပြရမှာဖြစ်ပြီး ပွဲ ပေါင်း ၄ဝ ကပြရမှာဖြစ်ကာ စာချုပ်ချုပ်ထား ပေမယ့်လည်း တခြားပွဲတွေ လည်း ကပြလို့ရတယ်လို့လည်း သိရပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here