လက်ရှိဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် ဝိုင်းဝန်းဆောင်ရွက်ကြရန် အိမ်ရှင်သမ္မတ ဂျိုကိုဝီဒိုဒိုက တောင်းဆိုလိုက်သည်။
အဆိုပါ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းအတွက်လည်း မိမိတို့နိုင်ငံအတွက် အထူးပင်ဂုဏ်ယူမိကြောင်း ဝီဒိုဒိုက ယနေ့ပြောကြားသည်။
“ခုလို အခန်းတစ်ခုထဲမှာ တူတူထိုင်နိုင်ဖို့ ကြီးမားတဲ့ အားထုတ်မှုတွေ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်”ဟု တံခါးပိတ်ဆေးနွေးမှုများမစတင်မီ သူကပြောကြားသေးသည်။
Source: Indonesia’s Widodo calls on G20 to work to ‘end the war’