ခရီးသည်တင် YBS ကားများပေါ်၌ ခါးပိုက်နှိုက်ခံရခြင်း၊လုယက်ခြင်းများကြုံတွေ့ရပါက YRTC နှင့်နီးစပ်ရာရဲစခန်းများထံအမြန်ဆုံးဆက်သွယ်အ ကြောင်းကြားရန် နှိုးဆော်

0
227

ရန်ကုန်တိုင်းအတွင်း၌ နေ့စဥ် ပြေးဆွဲပေးလျက်ရှိသည့် ခရီးသည်တင် YBS ကားများပေါ်တွင် ခါး ပိုက်နှိုက်ခံရခြင်းနှင့်လုယက်ခံရခြင်းများ ဖြစ်ပွားလျက်ရှိသည်။

ထိုသို့ ကြုံတွေ့လာရပါက ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)နှင့်နီးစပ်ရာရဲတပ်ဖွဲ့စခန်းများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားရန် YRTC မှတိုက်တွန်းနှိုးဆော်ထားသည်။

“ခရီးသည်တွေက သက်ဆိုင်ရာကို သူတို့ရရှိတဲ့ အချက်အလက်တွေ ဥပမာ ခါးပိုက်နှိုက်တွေသုံးတဲ့ Taxi နံပါတ်လိုမျိုး အချက်အလက်တွေကို အကြောင်းကြားလာတာရှိပါတယ် ဒါကြောင့်ခရီးသည်တွေအနေနဲ့ သူတို့ရရှိတဲ့ သတင်းအချက်အလက်တွေကို YRTC ဒါမှမဟုတ် ရဲတပ်ဖွဲ့ကိုပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြော သည်။

ခရီးသည်တင် YBS ကားများပေါ်၌ ခါးပိုက်နှိုက်ခြင်း၊လုယက်ခြင်းများအား ရဲတပ်ဖွဲ့နှင့် YRTC တို့ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီစုံစမ်းဖော်ထုတ်  အရေးယူခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် YBS မှတ်တိုင်အချို့တွင်လည်း YRTC မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက စောင့်ကြပ်ကြည့်ရှုနေသကဲ့သို့ ခရီးသွားများအား အသိပညာပေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းကလည်း ကမာရွတ်မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊လှည်းတန်းလမ်းဆုံနှင့်စမ်းချောင်းမြို့နယ်၊မြေနီကုန်းတစ်ဝိုက်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်သူ ၁၁ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here