စပိန်ဓာတ်ပုံဆရာတစ်ဦးရိုက်ကူးသော မိုးကြိုးဓာတ်ပုံကို NASA က Picture of the Day အဖြစ် ရွေးချယ်

0
380

စပိန်ဓာတ်ပုံဆရာ Marc Sellés Llimós ရိုက်ကူးခဲ့သည့် မိုးကြိုးပစ်နေသည့် ဓာတ်ပုံတစ်ပုံကို အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန (National Aeronautics and Space Administration – NASA) က Astronomy Picture of the Day ဓာတ်ပုံများအဖြစ် ရွေးချယ်ခဲ့သည်။

သူသည် သူ၏ ဇာတိဖြစ်သော စပိန်နိုင်ငံ Manlleu ရွာတွင် ညဖက်ကောင်းကင်အား ဓာတ်ပုံများရိုက်ကူးနေစဉ် ပြင်သစ်နိုင်ငံအတွင်း မိုးကြိုးများပစ်နေခြင်းကို ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့သည်။ ကင်မရာကို Exposure ၆ မိနစ်ထား၍ ထူးခြားကောင်းမွန်သော မှတ်တမ်းဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်ညပိုင်းက ရိုက်ကူးခဲ့သော ယင်းဓာတ်ပုံကို NASA က Astronomy Picture of the Day ဓာတ်ပုံအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here