မြန်မာနိုင်ငံရှိ ရေအားအရင်းအမြစ်များအား နည်းပညာအကူညီပေးရန် ရုရှားနိုင်ငံမှပညာရှင်များ ဇန်နဝါရီတွင် လာရောက်လေ့လာကူညီမည်

0
185

ရုရှားနိုင်ငံသို့ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မော်စကိုမြို့ရှိ Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံသို့ သွားရောက်လေ့လာကြည့်ရှုစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးအား RusHydro Group နှင့် Zagorskaya PSPP တို့နှင့်ပတ်သက်၍ PJSC RusHydro, International Cooperation Dapartment အကြီးအကဲဖြစ်သူ Mr. Artem Sokhikyan နှင့် Zagorskaya PSPP ၏ Director Mr. Victor Zhiznevskiy တို့က ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ရုရှား-မြန်မာနှစ်နိုင်ငံ လျှစ်စစ်ဓာတ်အားထုတ် လုပ်မှုအပိုင်းတွင် ပိုမိုပူးပေါင်းဆောင်ရွက်လိုကာ လက်ရှိဆောင်ရွက်နေသည့် 1200 MW Pump Storage ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်နေမှုကို လေ့လာတွေ့ရှိရသည်မှာ မိမိနိုင် ငံအတွက်များစွာအကျိုးရှိိ၍ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်ထောင်စုဝန်ကြီးက ဖိတ်ခေါ်ခဲ့သည်။

RusHydro Group မှတာဝန်ရှိသူကလည်း မြန်မာ နိုင်ငံရှိရေအားအရင်းအမြစ်များအားလေ့လာ၍ လိုအပ်သည့် နည်းပညာအကူအညီများပေးရန်  RusHydro Group မှ ပညာရှင်များအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများအ တွင်း လာရောက်လေ့လာကူညီပေးသွားမည်ဟု ဆွေးနွေးတင်ပြခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်းရှိ Water Intake၊ Observation deck ၊ ၅၀၀ ကေဗွီ Switchyard ၊ ဓာတ်အားပေးစက်ရုံထိန်းသိမ်းမောင်းနှင်နေသည့်ဝန်းအတွင်းရှိ ဓာတ်အားပေးစက်များနှင့် Main Control Panel တို့အားကြည့်ရှုလေ့လာခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် ရုရှားနိုင်ငံ၌ကျင်းပမည့် သုတေသနလေ့လာရေး ခရီး စဉ်နှင့်(၁၂)ကြိမ်မြောက် နျူကလီးယားနည်းပ ညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂)သို့တက်ရောက်ရန်ရောက်ရှိနေခြင်းဖြစ် သည်။

Zagorskaya PSPP ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံသည် ကုညာမြစ်အား ရေတံခါးထိန်းကိရိယာများဖြင့် အဖွင့်အပိတ်ဆောင်ရွက်၍ ရေထိန်းဧရိယာ 22. 4 Million Cubic Meter (၁၈၁၆၀ ဧကပေ)ရှိကာ 1200 MW ကို နေ့စဉ်အမြင့်ဆုံး သုံး စွဲသည့်အချိန် ၄ နာရီခွဲခန့်မောင်းနှင်၍ ညအချိန်တွင် နေ့ပိုင်း၌သုံးစွဲလည်ပတ်မောင်းနှင်ထားသည့် ရေများအား Pump များဖြင့် ၁၀၀ မီတာအမြင့်ရှိ ရေထိန်းကန်အတွင်းပြန်လည်မောင်းနှင်ဆောင် ရွက်လျက်ရှိကာ 800 MW အားတိုးချဲ့ဆောင်ရွက်လျက်ရှိပြီး မော်စကိုမြို့၏ အဓိက သုံးစွဲလျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကိုထုတ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here