ဩစတြေးလျသည် အာဆီယံနှင့်ကုန်သွယ်မှုသဘောတူညီချက်ကိုချဲ့ထွင်ခဲ့ဟုဆို

0
276

ဖနွမ်းပင်၊နိုဝင်ဘာ ၁၅

အာဆီယံ၊နယူးဇီလန်နှင့်ဩစတြေးလျတို့ပူးပေါင်းဆောင်ရွက်ထားသည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (AANZFTA) ကိုအဆင့်မြှင့်တင်မည့် စေ့စပ်ညှိနှိုင်းမှုအဆုံးအဖြတ်ကိုကြေငြာရန် ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်လ်ဘနီးဇ် လာရောက်ခဲ့ကြောင်းသိရှိရသည်။

AANZFTA သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျ၊နယူးဇီလန်တို့အကြားမှ သဘောတူညီချက်တစ်ခုဖြစ်သည်။အဆိုပါသဘောတူညီချက်သည် အကောက်ခွန်လျှော့ချရေးနှင့် ဝန်ဆောင်မှုပေးသွင်းသူများအပါအဝင် ရင်းနှီးမြှုပ်နှံသူများအတွက်ပါခိုင်မာမှုသေချာစေသည်။

ယခုအစီအစဉ်အား အကောင်အထည်ဖော်ပြီးသည်နှင့်တစ်ပြိုင်နက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးအနာဂတ်များအတွက်ပါ အံဝင်ခွင်ကျဖြစ်ပြီး ကုန်သွယ်မှုသဘောတူညီချက်ကို အားကောင်းတိုးတက်စေမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသဘောတူညီချက်သည် အရှေ့တောင်အာရှနှင့်၎င်းတို့၏စီးပွားရေးဆက်ဆံမှုချဲ့ထွင်ရာ၌ ဩစတြေးလျစီးပွားရေးလုပ်ငန်းများအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်လာရန်အတွက် မျှော်လင့်ကြောင်းလည်းဖော်ပြထားသည်။

သဘောတူညီချက်တွင် အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး၊အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့ရေး၊ကုန်စည်ကုန်သွယ်မှု၊မူလစည်းမျဉ်းများ၊ဝန်ဆောင်မှုများနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တိုးမြှင့်ပြဌာန်းချက်များလည်းပါဝင်သည်ဟုဆိုသည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here