ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများအလုပ်လုပ်ကြသည့် ဖိနပ်စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွား

0
377

ဆန်မွတ် ပရာကန်၊ နိုဝင်ဘာ ၁၆

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်လျှက်ရှိသည့် ဘန် ဖီလီ ခရိုင်ရှိ Summit Footware ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက် အင်္ဂါနေ့ညက မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ယင်းစက်ရုံမှ Aerosoft ဖိနပ်များလည်း ထုတ်လုပ်သည်။

စက်ရုံရှိ ရာနှင့်ချီသော အလုပ်သမားများ အလုပ်နားခါနီး ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများမှာမူ အရေးပါ် မီးထွက်ပေါက်များမှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ခြောက်ထပ်ရှိသော အဆိုပါ စက်ရုံအား မီးသတ်ကား ဒါဇင်ပေါင်းများစွာ စေလွှတ်ကာ ငါးနာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။ 

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ထိုင်းဘတ်ငွေ သန်း ၂၀ ခန့်ရှိမည်ဟု ကနဦး ခန့်မှန်းထားသည်။

ရဲအရာရှိများကမူ လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ယူဆထားသည်။

ယနေ့ ဗုဒ္ဓဟူးနေ့နံနက်အထိ စက်ရုံရှေ့ရှိ အဝေးပြေးလမ်းမကို တာဝန်ရှိသူများက ပိတ်ထားဆဲဖြစ်ပြီး၊ အဆောက်အအုံအတွင်းရှိ မီးအကြွင်းအကျန်များကို ငြိမ်းသတ်နေဆဲဖြစ်ကြောင်းသိရသည်။ ထိုသို့ လမ်းပိတ်ထားမှုကြောင့် မော်တော်ယာဉ်များ ကီလိုမီတာနှင့်ချီ၍ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေလျှက်ရှိသည်။

သေကြေ ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိပ်ကို လတ်တလော မသိရသေးချေ။

Source: BangkokPost

Photo: Sutthiwit Chayutworakan


LEAVE A REPLY

Please enter your comment!
Please enter your name here