ဘာလီ၌ G – 20 ထိပ်သီးအစည်းအဝေးစတင်၊နိုင်ငံများက ရုရှားအားစစ်ပွဲရပ်ပေးရန်တိုက်တွန်း

0
289

နိုဆာဒူဝါ၊နိုဝင်ဘာ ၁၆

အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်း၌ကျင်းပပြုလုပ်သော G – 20 ထိပ်သီးအစည်းအဝေး၌ ရှစ်လကြာမြင့်ခဲ့ပြီဖြစ်သော ရုရှား – ယူကရိန်းစစ်ပွဲကုန်ကျစရိတ်များအတွက် စစ်ကိုရပ်တန့်ပေးရန် ရုရှားအပေါ်သံတမန်ရေးရာဖိအားများ တိုးမြင့်လာကြောင်းသိရှိရသည်။

ယင်းနောက်အဆိုပါအစည်းအဝေး၌ပင် နျူလက်နက်အသုံးပြုမှုနှင့်ခြိမ်းခြောက်မှုအား လက်မခံနိုင်ကြောင်းလည်း ကြေငြာဖွယ်ရှိသည်ဟုသိရှိရသည်။ခါဆန်ဒေသကိုပူပူနွေးနွေးဆုံးရှုံးထားရသော ရုရှားသမ္မတသည် မြေပြင်ရှုံးနိမ့်မှုများကြောင့် ထိပ်သီးအစည်းအဝေးကိုလက်လွှတ်ခဲ့ပြီး G – 20 ခေါင်းဆောင်များထံ ဗီဒီယိုရုပ်သံတစ်ခုပေးပို့ခဲ့သည့် ယူကရိန်းသမ္မတ၏မေတ္တာရပ်ခံချက်ဗီဒီယိုက ရုရှားအားမခံမရပ်နိုင်ဖြစ်စေခဲ့သည်။

အဆိုပါဗီဒီယိုတွင်ယူကရိန်းသမ္မတက တရုတ်သမ္မတရှီနှင့်ကန်သမ္မတဘိုင်ဒင်တို့အား မေတ္တာရပ်ခံထားသည်မှာ ၎င်းတို့အနေဖြင့်ရုရှားတပ်များဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခြင်းသည် အသက်ထောင်ပေါင်းများစွာကိုကယ်တင်ခြင်းပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ၏မိန့်ခွန်းတစ်လျှောက်တွင် သမ္မတပူတင်၏ကိုယ်စားလှယ်အဖြစ်ရောက်ရှိနေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလားရော့ဗ်လည်း ၎င်း၏နေရာတွင်ထိုင်နေသည်ဟု သတင်းရင်းမြစ်နှစ်ခုကပြောကြားခဲ့သည်။

အမေရိကနှင့်၎င်း၏မဟာမိတ်များသည် ရုရှား၏ကျူးကျော်မှုကိုဆန့်ကျင်နိုင်သည့် မဟာမိတ်အဖွဲ့ကိုပိုမိုကျယ်ပြန့်လာစေရန်နှင့် အရှေ့နှင့်အနောက်စစ်ပွဲအတွက် မော်စကို၏တောင်းဆိုချက်များကို ဖယ်ရှားရန်ထိပ်သီးအစည်းအဝေးအား အသုံးပြုရန်ကြိုးပမ်းခဲ့သည်။

သို့သော် ရုရှားနှင့်၎င်း၏  G -20 မဟာမိတ်များဖြစ်သော တရုတ်၊အိန္ဒိယနှင့်တောင်အာဖရိကတို့သည် ပူတင်၏စစ်ပွဲကိုအတိအလင်းဝေဖန်ခြင်းမှ ရှောင်ကြဉ်ခဲ့ကြပြီးပူးတွဲထုတ်ပြန်ချက်မူကြမ်းတွင် မရေရာမှုများသာပါဝင်ခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here