ယူကရိန်းစစ်ရပ်တန့်ရန်တရုတ်၏ဖိအားပိုလိုသည်ဟု ပြင်သစ်သမ္မတဆို

0
290

နိုဆာဒူဝါ၊နိုဝင်ဘာ ၁၆

ပြင်သစ်သမ္မတအီမန်နူရယ်မာခရွန်သည် ယူကရိန်းစစ်နှင့်ပတ်သက်၍ ရုရှားအားညှိနှိုင်းရေးစားပွဲပေါ်သို့ အရောက်ခေါ်လာနိုင်သူမှာ တရုတ်သမ္မတရှီကျင့်ဖျင်သာဖြစ်သဖြင့် ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြောင်းသိရှိရသည်။

ပြင်သစ်သမ္မတနှင့်တရုတ်သမ္မတတို့သည်  G – 20 ထိပ်သီးအစည်းအဝေးမကျင်းပမီ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။တစ်နာရီနီးပါးဆွေးနွေးပြီးနောက် ပြင်သစ်သမ္မတမာခရွန်က တင်းမာမှုများကိုရှောင်ရှားလျက် ဆွေးနွေးရေးစားပွဲသို့အရောက်လာရန် သမ္မတပူတင်ထံစာပေးပို့စေလိုကြောင်း တရုတ်သမ္မတရှီအားပြောကြားခဲ့သည်ဟု မီဒီယာများအားပြောကြားခဲ့သည်။

ဆွေးနွေးပွဲအဖွင့်တွင် ၎င်းတို့နှစ်ဦးသည်လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး ယူကရိန်းရှိရုရှား၏စစ်ပွဲကဲ့သို့သော နိုင်ငံတကာအကျပ်အတည်းများကိုတုံ့ပြန်ရန် နိုင်ငံများအနေဖြင့် အင်အားစုများပေါင်းစည်းရမည်ဟုလည်း ပြောကြားခဲ့ကြောင်းသိရှိရသည်။

တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာ၏ဖော်ပြချက်အရ ယခုကိစ္စနှင့်ပတ်သက်၍ သမ္မတရှီဘက်မှတိုက်ရိုက်ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ကမ္ဘာကြီးသည်တုန်လှုပ်ချောက်ချားမှုနှင့် အသွင်ကူးပြောင်းရေးကာလ၌ရှိနေသည်ဟုဆိုပြီး ပွင့်လင်းမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း  တောင်းဆိုခဲ့ကြောင်းသိရှိရသည်။

ယင်းအပြင်ဩစတြေးလျခေါင်းဆောင်အန်တိုနီအယ်လ်ဘနီးဇ်သည် အင်္ဂါနေ့နှောင်းပိုင်းတွင်တရုတ်ခေါင်းဆောင်နှင့်တွေ့ဆုံမည်ဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်အသစ် ရီရှီဆူးနက်ခ်ကလည်း တရုတ်သမ္မတနှင့်တွေ့ဆုံနိုင်ရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here