ယခုသုံးရက်အတွင်း ကမ္ဘောဒီးယား၌ ကိုဗစ်လူနာများပြန်‌တွေ့လာ

0
167

ဖနွမ်းပင်၊နိုဝင်ဘာ ၁၆

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်ကူးစက်မှုသုညအထိ ကျဆင်းသွားရာမှယခုရက်ပိုင်းအတွင်း ရောဂါတွေ့ရှိမှုများ ရှိနေသည်ဟုသိရသည်။ယနေ့ PCR စစ်ဆေးမှုအရ ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိသူ လေးဦးရှိပြီး လက်ရှိအချိန်အထိ ကိုဗစ်ဖြစ်ပွားထားသူဦးရေည် ၁၃၈,၀၀၇ အထိဖြစ်လာ ခဲ့သည်ဟုဆိုသည်။

ထပ်မံတွေ့ရှိသူများထဲတွင် ကိုဗစ်ကြောင့်သေဆုံးသူမရှိသေးသော်လည်း ရောဂါစတင်ဖြစ်ပွားချိန်မှယနေ့အထိ သေဆုံးသူဦးရေ သည် ၃,၀၅၆ ဦးအထိရှိခဲ့ပြီဖြစ်သည်။သို့သော် တစ်ချိန်တည်းဆိုသလိုပင် စာရင်းများအရ ကိုဗစ်ကူးစက်ခံရမှုပြန်လည်မြင့်တက်လာသော်လည်း ယခင်ထက်များစွာလျော့နည်းနေသေးသည်ကို တွေ့ရှိရသည်ဟုဖော်ပြထားသည်။

နေ့စဉ်ကိုဗစ်လူနာကြေငြာချက်များသည် ကမ္ဘောဒီးယား၌လက်ရှိဖြစ်ပေါ်နေသော အရေအတွက်ပမာဏမဟုတ်ကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထည့်သွင်းအသိပေးထားသည်။

အကြောင်းမှာ နေ့စဉ်စစ်ဆေးတွေ့ရှိမှုရလဒ်များသည် နိုင်ငံအတွင်း၌ ကူးစက်မှုအမှန်တကယ်ဖြစ်ပေါ်နေခြင်းမျိုးမဟုတ်ဘဲ လာရောက်အစစ်ဆေးခံသူများနှင့် ထိုင်းနိုင်ငံမှပြန်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများထံမှ နယ်စပ်ဒေသများတွင် စစ်ဆေးတွေ့ရှိမှုမျိုးသာဖြစ်သည်ဟုဆိုသည်။

ထို့ကြောင့်ပင် ကိုဗစ်လူနာများကိုပြန်‌ တွေ့နေသော်လည်း နိုင်ငံတွင်းကူးစက်မှု ပြန်လည်မြင့်မားလာခြင်းမျိုးမဟုတ်ကြောင်းဖော်ပြထားသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here