သမိုင်းတွင် စွမ်းအားအကြီးဆုံး အာကာသ ဒုံးပျံ အာတီမစ် ၁ အား လဆီသို့ လွှတ်တင်

0
291

သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံး အာကာသ ဒုံးပျံဖြစ်သည့် နာဆာ၏ အာတီမစ် ၁ သည် နည်းပညာဆိုင်ရာ ပြင်ဆင်မှုများနှင့် ဟာရီကိန်း မုန်တိုင်းနှစ်ခု၏ နှောက်ယှက်ခြင်းတို့ကြောင့် နှစ်ပေါင်းများစွာ နှောင့်နှေးခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဖလော်ရီဒါမှ လဆီသွားရာ လမ်းကြောင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

အာကာသ လွှတ်တင်ရေး စနစ် (SLS) ဒုံးပျံနှင့် အော်ရိုင်ယန် အာကာသ ယာဉ်အခန်းတို့ ပါဝင်သည့် အာတီမစ် ၁ ကို မြန်မာစံတော်ချိန် ညနေ ၁ နာရီ ၁၇ မိနစ် ခန့်တွင် ဖလော်ရီဒါပြည်နယ်ရှိ ဒုံးပျံယာဉ်များပစ်လွှတ်သည့် ကိပ်ကာနီဗရယ်လ် မှ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

အာတီမစ် ၁ သည် လဆီသို့ ၂၅ ရက်ကြာ ခရီးစဉ်ဖြင့် သွားရောက်ပြီးနောက် ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်မည့် ဖြစ်သည်။ အာတီမစ် ၁ သည် နာဆာ၏ နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက် လဆီသို့ ပြန်လည်လွှတ်တင်ခဲ့သော အာကာသယာဉ်မှူးများ လိုက်ပါနိုင်သည့် ပထမဆုံးသော အာကာသမစ်ရှင် ဖြစ်လာသည်။

သို့ရာတွင် ထိုယာဉ်ပေါ်၌ အာကာသယာဉ်မှူးများအစား လူပုံစံ အရုပ် သုံးရုပ်နှင့် စနူပီ အရုပ်ကိုသာ ဓာတ်ရောင်ခြည်ပမာဏ တိုင်းတာရန်နှင့် နောက်လာမည့် အာကာသယာဉ်များတွင် လိုက်ပါလာမည့် လူသားများအတွက် ဒီဇိုင်းထုတ်ထားသည့် အသက်ကယ်စနစ်များနှင့် စက်ကိရိယာအသစ်များကို စမ်းသပ်ရန် ထည့်သွင်းလိုက်သည်။

သို့ရာတွင် အာတီမစ် ၁ မစ်ရှင်၏ အောင်မြင်မှုသည် ကမ္ဘာမြေမှ လပေါ်သို့ အာကာသယာဉ်မှူးများကို တင်ဆောင်သွားမည့် အာတီမစ် ၂ နှင့် ၃ ယာဉ်များ လွှတ်တင်မှုအတွက် အလွန်ပင်အရေးကြီးနေပေသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here