အမေရိကကို ကျော်၍ တရုတ်ကုမ္ပဏီများ ကမ္ဘာ့ဖလား၏ အကြီးဆုံး စပွန်ဆာဖြစ်လာ

0
284

ကွာလာလမ်ပူ/ မလေးရှား၊ နိုဝင်ဘာ ၁၆

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ  ကိုမအောင်မြင်သောကြောင့် ပြိုင်ပွဲများနှင့် လွဲချော်ခဲ့ရသော်လည်း ၎င်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာမူ ကမ္ဘာ့ဖလားတွင် အရင်းစိုက်ထုတ်မှုအများဆုံး စပွန်ဆာများ ဖြစ်လာသည်။

တရုတ်ကုမ္ပဏီကြီးများသည် ကိုကာကိုလာ၊ မက်ဒေါ်နယ်နှင့် ဘတ်ဝိုက်ဇာ ကဲ့သို့သော နာမည်ကြီး အမေရိကန် ကုမ္ပဏီများထက် ငွေကုန်ကြေးကျခံကာ အရင်းအနှီးစိုက်ထုတ်ခဲ့သဖြင့် ကမ္ဘ့ာဖလားပြိုင်ပွဲ၏ အကြီးဆုံး စပွန်ဆာများ ဖြစ်လာသည်။

တရုတ်စပွန်ဆာများသည် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပမည့် ကမ္ဘာ့ဖလားအတွက် ကန်ဒေါ်လာ ၁ ဒသမ ၃၉၅ ဘီလျံ သုံးစွဲခဲ့သဖြင့် ၁ ဒသမ ၁ ဘီလျံသာ သုံးစွဲခဲ့သော အမေရိကန်ကုမ္ပဏီများကို ကျော်လွန်သွားခဲ့ကြောင်း လန်ဒန် အခြေစိုက် အချက်အလက် စီစစ်ရေး ကုမ္ပဏီဖြစ်သည့် ဂလိုဘယ်ဒေတာက ဖော်ပြထားသည်။

ကမ္ဘာ့ဖလားတွင် ပါဝင်သည့် တရုတ်စပွန်ဆာများမှာ ဝန်ဒါအုပ်စု၊ ဗီဗို၊ မန်နီရောင် နို့ထွက်ပစ္စည်း နှင့် ဟိုင်းစန့် ကုမ္ပဏီတို့ဖြစ်သည်။

ဝန်ဒါအုပ်စုသည် လက်ရှိအချိန်အထိ ကာတာရှိ တရုတ်စပွန်ဆာများထဲမှ အကြီးဆုံးဖြစ်ပြီး ကိုကာကိုလာ၊ အက်ဒီးဒတ်စ်၊ ဟျွန်ဒိုင်း၊ ကီရာ၊ ကာတာ လေကြောင်းလိုင်း၊ ကာတာ စွမ်းအင်နှင့် ဗီဇာတို့နှင့်အတူ ဖီဖာ၏ တရားဝင် မိတ်ဖက်ခုနှစ်ထဲမှ တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here