လကိုချစ်မြတ်နိုးသူ ဘရာဇီး ဓာတ်ပုံဆရာ၏ ပြောင်မြောက်သော ဓာတ်ပုံအနုပညာ

0
446

ဘရာဇီးနိုင်ငံမှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သည့် Daniel Antoniol သည် လကိုချစ်မြတ်နိုးသည်နှင့် အညီ ထူးခြားပြောင်မြောက်သော လ ဓာတ်ပုံ များကို အနုပညာမြောက်စွာ ရိုက်ကူးဖန်တီးခဲ့သည်။

“လ ဟာ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ကျွန်တော့်အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်ခဲ့ပြီး၊ လော့ဒေါင်းချထားချိန်တွေမှာ သူ့ကိုကြည့်နေရင်းနဲ့ပဲ ကမ္ဘာတစ်ဝန်းနဲ့ စကြဝဠာတစ်ဝန်းကို စိတ်ကူးနဲ့ ခရီးသွားခဲ့ရတာပါ”ဟု အသက် ၃၆ နှစ်အရွယ်ရှိ ဓာတ်ပုံဆရာကပြောသည်။

ယခုဓာတ်ပုံများကို Canon T6 ကင်မရာဖြင့်ရိုက်ကူးခြင်းဖြစ်ကာ၊ လကိုရိုက်ကူးရာတွင် 75-300mm မှန်ဘီလူး ကိုသုံးပြီး၊ ယင်းနှင့်တွဲသည့် လူနှင့်ရှုခင်းပုံကိုရိုက်ကူးရာတွင်မူ 18-55mm မှန်ဘီလူးကို သုံးခဲ့ကြောင်း Daniel Antoniol က ရှင်းပြသည်။

သူသည် လက်ရှိတွင် မြို့ပြအင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်နေသော်လည်း ဓာတ်ပုံပညာကို အစဉ်အမြဲပင် မြတ်နိုးစွဲလန်းနေသူဖြစ်သည်။ 

Source: Lunar loving artist creates mind bending photos of the moon(Metro)


LEAVE A REPLY

Please enter your comment!
Please enter your name here