ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးနှင့် ယွန်း၀တီလွင်မိုး အပါအ၀င် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းပေးခဲ့ပြီး အကျဥ်းသား ၅၇၇၄ ခန့်အားလွတ် ငြိမ်းခွင့်ပေး

0
366

နစက မှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အားဂုဏ်ပြုသည့်အနေဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းပေးခဲ့ပြီး အကျဥ်းထောင်အသီးသီးတွင် အကျဥ်းကျခံနေရသည့် အကျဥ်းသား၊အကျဥ်းသူ ၅၇၇၄ ဦးအား ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ ဆိုခံထားရသည့် ဘုန်းသိုက်၊ ဖွေးဖွေး၊ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်း၀တီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာစသည့် အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းပေးခဲ့သည်ဟု နစက မှ ကြော်ငြာခဲ့သည်၊၊

ထို့ပြင် အကျဥ်းထောင်အသီးသီး၌ ထောင်ဒဏ်ကျခံနေရသည့် အကျဥ်းသား ၃၁ ဦးအား လူမှုရေးအရ ငဲ့ညှာသည့်အနေဖြင့် ရာဇဝတ်ကျင့်ထုံးဥပ ဒေအား ထပ်မံကျူးလွန်ပါက လက်ရှိကျခံခဲ့ရသည့် ပြစ်ဒဏ်များကိုပါ ထပ်မံကျခံရမည်ဆိုသည့်အချက်အားထည့်သွင်း၍ လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ထိုသို့ အမှုပိတ်သိမ်းခြင်းနှင့်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းတို့အား နစက မှ နိုဝင်ဘာ ၁၇ ရက်(ယ နေ့)နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here