ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား ၄ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး

0
386

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်အပါအဝင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား ၄ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု သိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုကာ နိုင်ငံချင်းသံတမန်ဆက်ဆံရေးအားရှေးရှု၍ ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မစ္စတာတိုရိုကူဘိုတာ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့်အမေရိကန်နိုင်ငံသားခံယူထားသည့် ကိုကျော်ဌေးဦးတို့အား လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးနောက် ၎င်းတို့ ၄ ဦးအား ပြည်နှင်ဒဏ်များပေးခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here