ဟာသသရုပ်ဆောင်ဆင်မ(ခ)ကိုဇော်မင်းထိုက်နှင့်ပန်းချီဆရာကိုထိန်လင်းတို့အား ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုခဲ့

0
437

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ဟာသသရုပ်ဆောင်ဆင်မ(ခ)ကိုဇော်မင်းထိုက်နှင့်ပန်းချီဆရာကိုထိန်လင်းတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု နိုဝင် ဘာ ၁၇ ရက်(ယနေ့)တွင် နစက မှထုတ်ပြန်ခဲ့သည်။

နစက မှအမိန့်အမှတ် ၇၃ / ၂၀၂၂ ဖြင့် အမျိုး သားအောင်ပွဲနေ့အား ဂုဏ်ပြုခြင်း၊လူမှုရေးအရငဲ့ညှာခြင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနား လည်စေရန်ရှေးရှု၍ ကျခံနေရသည့် ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု အမိန့်အရ နစက အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

ထိုသို့ ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုရာတွင် ရာ ဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသည့် စည်း ကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
Photo credit Doh Gabar


LEAVE A REPLY

Please enter your comment!
Please enter your name here