အကျဥ်းထောင်အသီးသီးရှိ အကျဥ်းသား ၅၇၇၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ဟု နစက ထုတ်ပြန်

0
310

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဥ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား ၅၇၇၄ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင် နစက မှထုတ်ပြန်ခဲ့သည်။

နစက မှ အမိန့်အမှတ် ၇၈/၂၀၂၂ ဖြင့် နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင်ကျရောက်သည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကာ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့် ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၅ဝ၉၈ ဦးနှင့်အကျဉ်းသူ ၆၇၆ ဦး(စုစုပေါင်း ၅၇၇၄ ဦး)တို့အား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများသည် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ် ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟု စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here