နျူးကလီးယားဆိုင်ရာနည်းပညာများသင်ယူရေးအတွက်မြန်မာကရုရှသို့သွား​ရောက်​ဆွေး​နွေး

0
267

အိုဘင့်စ်ခ်၊နိုဝင်ဘာ ၁၅

ရုရှားရှိနျူးကလီယား ကုမ္မဏီ ကြီးတစ်ခုဖြစ်သော Rosatom ၏ Rosatom Technical Academy သို့မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သွားရောက်လေ့လာခဲ့ရာခရီးစဉ်အတွင်း  အပြန်အလှန်ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကိစ္စများကိုဆွေးနွေးခဲ့သည်။ 

အဓိက ဆွေးနွေးချက်မှာ နျူးကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ လူသားအရင်းအမြစ်အတွက် လိုအပ်သော နည်းပညာဆိုင်ရာ ပညာရပ်များကိုသင်ကြား ရေးကိစ္စဖြစ်ပါသည်။ 

မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်

​လေ့လာသူများသည်အကယ်ဒမီ ၏ လုပ်ငန်းလည်ပတ်နေမှု၊ဝန်ထမ်းများ၏ 

လုပ်ဆောင်မှုများ၊ နည်းပညာဆိုင်ရာ ပစ္စည်းများကို နောက်အကယ်ဒမီအတွင်း နိုင်ငံခြားသား ပညာရှင်များကို 

လိုအပ်သော နည်းပညာများ သင်ကြားပေးသော စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများကိုစိတ်ဝင်စားစွာ လေ့လာခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ဝင်များသည်အကယ်ဒမီ ရှိ စာသင်ခန်းများ၊ ဓါတ်ခွဲခန်းများ၊ နျူးကလီယား ဘေးကင်းရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ပါဝါယူနစ်များ ကို ဘေးကင်းစွာ အသုံးပြုနိုင်ရေးဆိုင်ရာလုပ်ငန်းစဉ်များ၊

လက်တွေ့သင်ခန်းများကိုပြုလုပ်သော ဓါတ်ခွဲခန်းများ၊ နျူးကလီယားစွမ်းအင်သုံးလျှပ်စစ်ဓတ်ပေါင်းတစ်ခု တစ်ခုတည်ဆောက်နိုင်ရန်အတွက် 

အဆောက်အဦပုံစံငယ် 3D သရုပ်ပြမှုကိုလည်း လေ့လာကြည့်ရှုခဲ့ကြသည်။

Source:atomic-energy.ru


LEAVE A REPLY

Please enter your comment!
Please enter your name here