အင်ဒိုနီးရှား၌ပြေးဆွဲမည့်တရုတ်နိုင်ငံထုတ် မြန်နှုန်းမြင့်ရထားစမ်းသပ်ပြေးဆွဲမှုအား သမ္မတရှီနှင့်ဂျိုကိုဝီတို့ကြည့်ရှု

0
210

နိုဆာဒူဝါ၊နိုဝင်ဘာ ၁၆

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုနှင့် တရုတ်သမ္မတရှီတို့သည် အင်ဒို၌ပြေးဆွဲမည့်တရုတ်နိုင်ငံထုတ်မြန်နှုန်းမြင့်ရထား စမ်းသပ်ပြေးဆွဲမှုအား နိုဝင်ဘာလ ၁၆ ရက်နေ့ကကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။

ဘာလီ၌ကျင်းပသည့် G – 20 ထိပ်သီးအစည်းအဝေးအပြီး၌ ခေါင်းဆောင်နှစ်ဦးသည် ဂျကာတာ – ဘန်ဒေါင်းရထားပြေးဆွဲမှုတိုက်ရိုက်ထုတ်လွှင့်နေမှုအား  ကြည့်ရှုခဲ့ကြကြောင်းလည်းသိရှိရသည်။

ယခုစမ်းသပ်ပြေးဆွဲနေသောရထားအား လာမည့်နှစ်ဇွန်လတွင်စတင်ပြေးဆွဲမည်ဟုသိရှိရပြီး အရှေ့တောင်အာရှတွင် အမြန်ဆုံးရထားနှင့်ရထားလမ်းဖြစ်လာမည်ဟုဖော်ပြထားသည်။ယခုရထားလမ်းသည် တရုတ်နိုင်ငံကပြုလုပ်လျက်ရှိသည့် BRI ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

ယခုအစီအစဉ်အား ၂၀၁၅ ခုနှစ်ကစတင်ခဲ့ပြီး မူလက ၂၀၁၉ တွင်အပြီးသတ်ရန်ရည်မှန်းထားသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ခဲ့ရသည်။ကုန်ကျစရိတ်အား မူလက ၆၆ ဒသမ ၇၆ ထရီလျံရူပီးမှန်းထားရာမှ အမှန်တကယ်ကုန်ကျတန်ဖိုးမှာ ၁၁၃ ထရီလျံရူပီးအထိဖြစ်သွားခဲ့သည်ဟုဆိုသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ရှေ့ဆက်၍လက်တွဲလုပ်ဆောင်မည့် ကိစ္စရပ်များအတွက်တိုင်ပင်ကာ ထပ်မံပူးပေါင်းဆောင်ရွက်ရန် MoU များရေးထိုးခဲ့ကြောင်းလည်းသိရှိရသည်။ယခုလုပ်ရပ်များသည် တရုတ်နှင့်အိန္ဒိယတို့၏ ဆက်ဆံရေးမြင့်မားစေရန် အဓိကကျသောလုပ်ဆောင်မှုများဖြစ်သည်ဟုလည်း သမ္မတရှီကပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here