နယူးဇီလန်တွင် ဆေးလိပ်သောက်နှုန်း စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်း၊ ဗေ့ပ်ခေါ် ဆေးလိပ်တု သောက်နှုန်း မြင့်တက်လာ

0
500

နယူးဇီလန်နိုင်ငံသည် ဆေးလိပ်သောက်ခြင်း ကင်းစင်သော မျိုးဆက်တစ်ခု ဖန်တီးရန်အတွက် အစီအစဉ်များကို ရည်မှန်းချက်ကြီးကြီးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လာသောကြောင့် နိုင်ငံအတွင်းရှိ ဆေးလိပ်သောက်သူ ဦးရေမှာ သမိုင်းတွင် အနိမ့်ဆုံး အခြေအနေသို့ ကျဆင်းသွားခဲ့သည်။ 

နေစဉ် ဆေးလိပ်သောက်သုံးသူ ဦးရေမှာ ပြီးခဲ့နှစ်က ၉ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၈ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း နိုဝင်ဘာလ ၁၇ ရက် ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သော ကိန်းရဏန်းများအရ သိရသည်။

ဩဂုတ်လတွင် နယူးဇီးလန်အစိုးရသည် မျိုးဆက်သစ် ဆေးလိပ်သောက်ခြင်း ကင်းစင်စေရေးအတွက် ဆယ်ကျော်သက်များအား ဆေးလိပ်မရောင်းရဟူသော ကမ္ဘာ့ပထမဆုံး ဥပဒေတစ်ရပ်ကို ထုတ်ပြန်ကာ ထိန်းချုပ်ခဲ့သည်။

“ကူးစက်ရောဂါကြောင့် ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ ခံစားခဲ့ရပေမယ့်လို့ ဆေးလိပ်သောက်သူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က ၅ သောင်း ၆ ထောင်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဆေးလိပ်သောက်နှုန်းဟာလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ထက်စာရင် ထက်ဝက်သာ ရှိပါတော့တယ်” ဟု တွဲဖက်ကျန်းမာရေးဝန်ကြီး ဒေါက်တာ Ayesha Verrall က ပြောခဲ့သည်။

ဆေးလိပ်သောက်နှုန်း ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းကြောင့် နယူးဇီးလန်သည် ကမ္ဘာပေါ်တွင် ဆေးလိပ်သောက်သူ အနည်းဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်လာသည်။

သို့ရာတွင် ‌ဗေ့ပ်ခေါ် ဆေးလိပ်တု သောက်သုံးသူဦးရေ တိုးလာမှုမှာ နေ့စဉ် ဆေးလိပ်သောက်သူဦးရေ ကျဆင်းမှုထက် ပိုများလာသည်။ အရွယ်ရောက်ပြီးသူများထဲမှ ၈ ဒသမ ၃ ရာခိုင်နှုန်းသည် ယခုအခါ နေ့စဉ်နေတိုင်း ဗေ့ပ်သောက်နေကြောင်း နောက်ဆုံးပေါ် အချက်အလက်အများက ညွှန်ပြနေသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here