မန္တလေးတိုင်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား၊အကျဥ်းသူ ၉၈၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

0
302

နစက မှ နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင်ကျရောက်သည့် ၁၀၂ နှစ်မြောက် အမျိုးသားနေ့အား ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်အသီးသီး၌ အကျဥ်းကျနေသူများအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား၊အကျဥ်းသူ ၄၅၅ ဦးအပါအဝင် မန္တလေး တိုင်းအတွင်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား၊အကျဥ်းသူ ၉၈၈ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

နစက မှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ( ၄၀၁ )အ ပိုဒ်ခွဲ(၁)အရ ယနေ့တွင် တိုင်းနှင့်ပြည်နယ်အသီး သီးရှိ အကျဥ်းထောင်များ၌ အကျဥ်းကျခံနေရသည့် အကျဥ်းသား၊အကျဥ်းသူ ၅၇၇၄ ဦးအား လွတ် ငြိမ်းခွင့်ပေးခဲ့သည်။

ထို့ပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးကိုလည်း အမှုပိတ်သိမ်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here