ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်ပြင်တို့ ၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည် နယ် ၁၄ ခု၌မိုးရွာသွန်းနိုင်

0
371

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင်တိုင်းထွာရရှိချက်များနှင့်ပတ်သက်၍ မွန်းလွဲ ၂ နာရီတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက် စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိလျက်ရှိပြီး အနောက်-အ နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး နိုဝင်ဘာ ၁၉ ရက်၌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်မုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်းအားကောင်းလာနိုင်သည်ဟု ခန့်မှန်းထားသည်။

ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင် ဘာ ၁၇ ရက်(ယနေ့)နေ့လည်မှ နိုဝင်ဘာ ၂၀ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်သည်ဟု မိုးလဇကခန့်မှန်းထားသည်။

ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင် လယ်ပြင်တို့တွင်လည်း တစ်နာရီလျင် ၃၅ မိုင်ခန့်အထိ မိုးသက်လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာလည်း ၈ ပေမှ ၁၀ ပေခန့်အထိရှိနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက် ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန်နှင့်ပြည်တွင်းလေ ကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်ကြိုတင်သတိပြုနိုင်ရန် မိုးဇလကအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here