စက်တင်ဘာလက ကန်တော်ကြီးအနီး၌ ပျောက် ဆုံးသွားသည့်လူငယ်၏ရုပ်အလောင်းအား တစ်လခွဲကျော်အကြာတွင် ပြန်လည်တွေ့ရှိခဲ့

0
873

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်က ကန်တော်ကြီးအနီး၌ ပျောက်ဆုံးသွားသည့် ကိုချစ်ရင်ထူး (ခ)ဘေတား(၂၃)နှစ်၏ ရုပ်အလောင်းအား နိုဝင် ဘာ ၁၇ ရက်(ယနေ့)တွင် ပြန်လည်တွေ့ရှိခဲ့ရသည်ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီကယ် ဆယ်ရေးအသင်းမှ သိရသည်။

ကိုချစ်ရင်ထူး(ခ)ဘေတာ၏ ရုပ်အလောင်းအား ကန်တော်ကြီးပန်းကန်လုံးကျွန်းအနီးရှိ ရေပြင်တွင်ပေါ်လာခဲ့သဖြင့် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

ယခုတွေ့ရှိခဲ့သည့် ရုပ်အလောင်းသည် ပျောက်ဆုံးနေသည့်လူငယ်ဖြစ်ကာ ရှာဖွေပေးရန် ၎င်း၏ မိ သားစုဝင်များက အကူအညီတောင်းခံမှုကြောင့် လူမှုကူညီရေးအသင်းများက ကန်တော်ကြီးအ တွင်း ယခင်ရက်များက လိုက်လံရှာဖွေခဲ့ကြသော် လည်း တွေ့ရှိခဲ့ရခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းဝင်များက မိတ်ဖက်လူမှုကူညီရေးအသင်းများနှင့်အတူ ရုပ်အလောင်းအားဆယ်ယူ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဟုတ်တယ်ဗျ ပျောက်နေတဲ့ကောင်လေးပါ သူ့ရဲ့မိသားစုဝင်တွေကလည်း အတည်ပြုပေးတယ် အရင်နေ့တွေထဲက သူ့မိသားစုဝင်တွေက အိမ်မက်ပေးလို့ရှာပေးပါပြောတာနဲ့ ရှာနေတာ ရှာနေတဲ့ရက်တွေမှာမတွေ့ခဲ့ဘူး ဒီနေ့မှပေါ်လာတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here