ကျောက်မျက် ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသည့်  ကျောက်သမားများ မန္တလေးအိုးဖိုထောင်မှ ပြန်လည်လွတ်မြောက်လာ ၊ အချို့ လွတ်မြောက်ရန် ကျန်နေသေး

0
196

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့သည့် ကျောက်အ ရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများကို မွန်းလွဲပိုင်းတွ င် မန္တလေး အိုးဖိုထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းတွင် အမျိုးသမီး၊ အမျိုးသားအသုတ်ခွဲ၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူ အား လုံး ပြန်လွတ်မလွတ် အတည်မပြုနိုင်သေးကြောင်း ပြန် လည် လွတ်မြောက်လာသည့် ကျောက်ပွဲစားတစ်ဦး၏ မိ သားစုဝင်အချို့ထံက သိရသည်။

” ၂၀၀ ကျော်လောက်တော့ မျက်စိရှေ့တင် ပြန်လွှတ်ပေးလိုက်တာပဲ။ အကုန် လွတ်မလွတ်တော့ မသိဘူး။ အကုန် လုံးဆို ၄၀၀ လောက်ရှိမယ်။ တစ်သုတ်ပြီး တသုတ်ခွဲပြီး ပြန်လွှတ်တာ” ဟု ယနေ့ နေ့လယ်ပိုင်းတွင် ပြန်လည်လွတ် မြောက်လာသည့် ကျောက်ပွဲစားတစ်ဦး၏ ညီမဖြစ်သူက ပြောသည်။

မန္တလေး မဟာအောင်မြေကျောက်ဝိုင်းအတွင်း အရောင်း အဝယ်မပြုလုပ်ဘဲ ကျောက်ဝိုင်းပြင်ပတွင် အရောင်းအဝယ် ပြုလုပ်သည့် အတွက်ကျောက်သမား ၄၀၀ ကျော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ဖမ်းဆီးကာ ကျောက်မျက်ဥပဒေ ပုဒ်မ ၅၁ (ခ)၊ ပုဒ်မ ၅၄ တို့ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် ကျောက်လုပ်ငန်းလုပ်ကိုင်သူများထဲတွ င် တရုတ်နိုင်ငံသား (၃၀) ဝန်းကျင်ပါဝင်ပြီး အချို့ကို ရက်ပိုင်းအတွင်း ပြန်လွတ်ပေးခဲ့ပြီး အချို့မှာလဝကဥပဒေ ဖြင့် အမှုဖွင့်ခြင်း ခံခဲ့ရသည်။

ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အကျဉ်းသား ၆၀၀၀ နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးကြောင်း နစကက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြော က်လာသည့် အကျဉ်းသားများတွင် မန္တလေးတိုင်း အိုးဖိုးအကျဉ်းထောင်မှ အကျဉ်းသား (၄၅၅)ဦးအပါအဝင် မန္တ လေး တိုင်းအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်သား (၉၈၈) ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here