မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရပ်ဆိုးခွန်တတိယအကြိမ်မြောက်လာရောက်မည်

0
216

အာဆီယံအလှည့်ကျဥက္ကဌသည် ၎င်း၏အာဆီယံဥက္ကဌသက်တမ်းမကုန်ဆုံးမီ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့်အတူ မြန်မာ့ငြိမ်းချမ်းရေး ကိုရှေ့ဆက်သွားမည်ဟု ကတိပြုထားကြောင်းသိရှိရပြီး အာဆီယံကိုယ်စားလှယ်၏ တတိယအကြိမ်မြောက် တရားဝင်ခရီးစဉ်အား စီစဉ်နေကြောင်းသိရှိရသည်။

အခြားတစ်ဖက်ကလည်း မလေးရှားသည် လက်ရှိနစကအစိုးရကစီစဉ်နေသည့် ရွေးကောက်ပွဲအားဆန့်ကျင်သည့် ပထမဆုံးအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Chum Sounry ကမူ ကမ္ဘောဒီးယားနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအထူးသံတမန်တစ်ဦးဖြစ်သူမစ္စတာပရပ်ဆိုးခွန်သည် ပြဿနာပြေလည်အောင်အဖြေရှာရန်အတွက် မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ယမန်နေ့ကပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်အတွက်အာဆီယံဥက္ကဌအဖြစ်တာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်အား အကောင်အထည်ဖော်ရန်ကတိပြုထားပြီး အထူးကိုယ်စားလှယ်အနေနှင့်ဘုံသဘောတူညီချက်တိုးတက်မှုအရိပ်အယောင်မြင်နေရသည့် ယခုနှစ်ကုန်ပိုင်းမှာမြန်မာနိုင်ငံကို ထပ်မံသွားရောက်ဖို့အဆင်သင့်ဖြစ်နေပါပြီ” ဟုလည်းဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်မစ္စတာဟွန်ဆန်သည်လည်း ဇန်နဝါရီလက မြန်မာနိုင်ငံနေပြည်တော်သို့လာရောက်ခဲ့ပြီး အထူးကိုယ်စားလှယ်မစ္စတာပရပ်ဆိုးခွန်ကမူ မတ်လတွင်တစ်ကြိမ်နှင့်ဇွန်လတွင်တစ်ကြိမ်လာရောက်ခဲ့ပြီး စုစုပေါင်းနှစ်ကြိမ်တိုင်တိုင်လာရောက်ခဲ့သည်။

မကြာသေးမီကကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်များသည် ဘုံသဘောတူညီချက်ငါးရပ်ကိုအကောင်အထည်ဖော်ရာ၌ အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့်ဆုံးဖြတ်ချက်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်ဟုလည်း မစ္စတာ Sounry ကပြောကြားခဲ့သည်။

သို့သော်အဓိကပြဿနာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ယုံကြည်မှုနှင့်မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် မည်သို့စီမံဆောင်ရွက်မည်ဟူသောအချက်ပင်ဖြစ်သည်ဟုဖော်ပြထားသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here