တရုတ်သမ္မတရှီက တောင်ကိုရီးယားအားပံ့ပိုးပေးမည်ဟု ဆို

0
251

အန်ကာရာ၊နိုဝင်ဘာ ၁၇

ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုမြှင့်တင်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနှင့်ပူးပေါင်းရန်အသင့်ရှိကြောင်း သမ္မတရှီကျင့်ဖျင်ကပြောကြားခဲ့သည်။

ယခုပြောကြားချက်သည် အင်ဒိုနီးရှားနိုင်ငံဘာလီ၌ကျင်းပသည့် G – 20 ထိပ်သီးအစည်းအဝေးပြင်ပ၌ တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နှစ်နိုင်ငံဆက်ဆံရေးကိုမြှင့်တင်ဖို့၊ခိုင်မာပြီးပိုမိုဖွံ့ဖြိုးတိုးတက်ဖို့၊ဒေသတွင်းနှင့်ကမ္ဘာတစ်ဝန်းအတွက် တည်ငြိမ်အေးချမ်းမှုရရှိဖို့ ကိုရီးယားနှင့်လက်တွဲဆောင်ရွက်သွားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်” ဟု သမ္မတရှီကပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရှိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် မစ္စတာယွန်းဆော့ယော်ကမူ မကြာမီကျရောက်တော့မည့် တောင်ကိုရီးယား – တရုတ်ဆက်ဆံရေး နှစ် ၃၀ ပြည့်ချိန်မှစ၍ အချင်းချင်းအပြန်အလှန်လေးစားမှုနှင့်အကျိုးပြုမှုတို့ဖြင့် ခိုင်မာသောဆက်ဆံရေးကိုတည်ဆောက်ရန် စိတ်အားထက်သန်နေကြောင်းလည်း ပြောကြားခဲ့သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အပြန်အလှန်ဆက်ဆံရေးကိုထိန်းသိမ်းရန်၊နိုင်ငံသားအချင်းချင်း ရင်းနှီးမှုရှိရန်၊နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ရန်၊လွတ်လပ်သောကုန်သွယ်မှုစနစ်အား မြှင့်တင်ရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို အတူတကွကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်ဟုသိရှိရသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here