တိုင်းနှင့်ပြည်နယ် ၄ ခုတွင် တစ်ရက်တည်းဖြင့် စိတ်ကြွဆေးပြား ၄ သိန်းပြားခန့်ဖမ်းမိ

0
308

ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊တနင်္သာရီတိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် နိုဝင်ဘာ ၁၅ ရက်တစ်ရက်တည်းဖြင့် စိတ်ကြွဆေးပြား ၃၈၅၈၉၅ သိန်းပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ်၊ယမုံနာ(၂)ရပ်ကွက်၊စံပယ်လမ်းနေ အေးသိန်း(ခ)ပြုံးချို(၄၈)နှစ်၏ နေ အိမ်အား နိုဝင်ဘာ ၁၅ ရက်ညနေ ၄ နာရီက မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များမှ ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၇၅၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ပြင် နေ့လည် ၁ နာရီခွဲတွင်လည်း မန္တလေး တိုင်း၊ရမည်းသင်းမြို့နယ်၊ရုံးတောကျေးရွာအနီးတွင် ဘိုဆန်းလင်း(ခ)ဆန်းလင်း(၂၂)နှစ်လွယ်ထားသည့်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၀၀၀ ပြားအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များက တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်၌ ရေးမြို့ဘက်မှထား၀ယ်မြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားပေါ်တွင်လိုက်ပါလာသော  မင်းလွင်(၃၆)နှစ်၏ ကျောပိုးအိတ်အတွင်းမှ စိတ် ကြွဆေးပြား ၁၁၈၉၅ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ရခိုင်ပြည်နယ်၊မောင်တောမြို့၊ကညင်တန်းရပ် ကွက်ရှိ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် နံနက် ၇ နာရီ ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက လှထွန်း(၅၀)နှစ် မောင်းလာသည့် သုံးဘီးဆိုင်ကယ်အတွင်း သိုဝှက်သယ်လာသည့် စိတ် ကြွဆေးပြား ၁၉၅၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်များ၌ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူများအား သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းအ သီးသီးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here