သရုပ်ဆောင် ဘိုကလေးစိန်ကွယ်လွန်

0
582

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ဘိုကလေးစိန်ဟာ ယနေ့နိုဝင်ဘာလ ၁၈ရက်နေ့မနက်ပိုင်းက ရင်သားကင်ဆာရောဂါဝေဒနာနဲ့ ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။

ဘိုကလေးစိန်ကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီး သူမကိုလစဥ်အလှူငွေ တစ်သိန်းထောက်ပံ့ပေးနေကျဖြစ်တဲ့ စိန်လင်း(Aroma) က 

“ပထမဦးဆုံးအမေဘိုကလေးစိန်နဲ့သိခွင့်ရခဲ့တာကတော့ အလှူတစ်ခုသွားလှူပေးရင်းသိခွင့်ရခဲ့တာ၊ အဲဒီမှာသူက သူ့ဝေဒနာတွေအကြောင်း ရှင်းပြပြောပြလို့ စိတ်မကောင်းဖြစ်ရတယ်၊ အဲဒါနဲ့တစ်ခါလှူပြီးတာနဲ့အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး လစဥ်လှူဖို့ဆုံးဖြတ်လိုက်တာ အဲဒီလိုလှူတော့သူကပျော်နေတယ် ဆုတွေလည်းတောင်းပေးတယ်၊ ဒီမနက်ဆုံးသွားတဲ့သတင်းကြားရတော့ စိတ်မကောင်းဘူး၊ ဒါပေမဲ့လည်း ကင်ဆာဆိုတဲ့ဝေဒနာကြီးကနေ နာကျင်မှုတွေကနေ လွတ်မြောက်သွားတာပေါ့” လို့ဝမ်းနည်းစကားဆိုထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here