လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံခြားသား (၄) ဦး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ရောက်ရှိ

0
369

နိုဝင်ဘာ (၁၇) ရက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသည့် ပြည်ပနိုင်ငံသား (၄) ဦးကို လေဆိပ်သို့ပို့ဆောင် ပြည်နှင်ဏ်ပေးခဲ့ပြီး အဆိုပါ ပြည်ပနိုင်ငံသား (၄) ဦးသည် သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ရောက်ရှိသွားပြီဖြ စ်ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ (၁၇) ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတွေထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံငံသား ရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာ နှင့် အမေရိကန်နိုင်သား တစ်ဦးလည်း ပါဝင်နေခြင်း ဖြစ်သည်။

၎င်းတို့ (၄) ဦးလုံးကို နိုဝင်ဘာ (၁၇) ရက် နေ့လယ်ပိုင်းက အင်းစိန်ထောင်မှတဆင့် ရန်ကုန်လေဆိပ်ကို ပို့ဆောင်ကာ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ဖို့ ပြည်နှင်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။

မစ္မတာ ရှောင်တာနယ်နှင့် ဂျပန်နိုင်ငံသား ရုပ်ရှင် ဒါရိုက် တာတို့ဟာ ယမန်နေ့ ညနေပိုင်းက ၎င်းတို့၏ နိုင်ငံအသီး သီးသို့ ပြန်လည်ထွက်ခွာခဲ့ပြီး ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းမှ ရန်ကုန်လေဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွ က်ခွာခဲ့ပြီး ယင်းမှတဆင့် ဗြိတိန်ကို ညပိုင်းတွင် ဆက် လက်ထွက်ခွာခဲ့ကြောင်း ဗစ်ကီဘိုးမန်းကို ကူညီဆောင် ရွက်ပေးခဲ့တဲ့ ဗြိတိသျှဓနသဟာယနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) ပြောခွင့်ရသူက တရားဝင်ထုတ်ပြန်ပြောဆိုထားသည်။

မစ္စတာရှောင်တာနယ် လွတ်မြောက်လာပြီဖြစ်ပြီး သူ့မိ သားစုထံ အပြန်လမ်းမှာ ရောက်ရှိနေပြီဖြစ်ပြီး မစ္စတာရှောင်နဲ့ သူ စကားပြောခွင့်ရခဲ့ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်းက ယမန်နေ့ ညပိုင်းက သူ၏ တွစ်တာအကောင့်မှတဆင့် ပြန်လည်မျှဝေထားသည်။

အလားတူ ဂျပန်နိုင်ငံသား ရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာသည် အင်းစိန်အကျဥ်းထောင်မှ လေဆိပ်ကို တိုက် ရိုက်ပို့ဆောင်ခံရကာ လက်ရှိတွင် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

၎င်းဟာ ဂျပန်နိုင်ငံတိုကျိုမြို့ကို ပြန်ရောက်ရောက်ချင်းမှာပဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး သူ့ကို ကူ ညီထောက်ခံ အားပေးသူများနှင့် ဂျပန်အစိုးရကို ကျေး ဇူးတင်ကြောင်း သတင်းစာရှင်း လင်းပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးသည်လည်း လွတ်မြောက်ရာသို့ ရောက်ရှိနေပြီဖြစ်ပြီး သက် ဆိုင်ရာ သံရုံးတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here