မန္တလေးမြို့တွင် ကော်ဖီဆိုင်တစ်ဆိုင်အနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံး

0
269

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ ကော်ဖီဆိုင်တစ်ဆိုင်အနီး၌ နိုဝင်ဘာ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီခန့်က ၃၅ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ ကော်ဖီဆိုင်တစ်ဆိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဆိုင်ရှေ့၌ကော်ဖီထိုင်သောက်နေသည့် အသက်(၆၀)နှစ်အရွယ်ခန့်ရှိ အမျိုးသား ၁ ဦး၏ ဘယ်ဘက်နားထင်၌ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်ပို့ ဆောင်စဥ် သေဆုံးသွားခဲ့သည်ဟု သိရသည်။

“သူက ကော်ဖီသောက်နေတုန်း ဗုံးပေါက်သွားတာ ချက်ခြင်းဆေးရုံပို့ပေးပေမယ့် နားထင်ကိုထိသွားတာဆိုတော့ ဆေးရုံပို့နေတုန်းပဲလမ်းမှာဆုံးသွားတာ ပေါက်ကွဲသံကအတော်ကျယ်တယ် စစ်ဆေးရေးတွေလုပ်နေကြတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီး၌ရပ်ထားသည့် Mazda Demio(အဖြူရောင်)ကား၏ ရှေ့ဘန်ဘာ၊ရှေ့မီး(၂)လုံး၊ဝဲယာဘက်မှန်(၁)စုံတို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့်လမ်းများအား လုံခြုံရေးအဖွဲ့ဝင်များက ယာယီပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here