နိုင်ငံခြားသား (၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် နိုင်ငံရေးအပေးအယူအရ လွှတ်ပေးခြင်း မဟုတ်ဟု နစက ပြောခွင့်ရပြော

0
293

ယမန်နေ့က လွှတ်ပေးခဲ့သည့် နိုင်ငံခြားသား (၄) ဦးကို နိုင်ငံရေး အပေးအယူအရ လွှတ်ပေးခဲ့ခြင်း မဟုတ်ကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုဝင်ဘာ (၁၈) ရက်နေ့လယ်ပိုင်း နေပြည်တော်တွင်ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ပြောကြားခဲ့ခြင်း ဖြစ် သည်။

” ဘာနိုင်ငံရေး အပေးအယူမှ မရှိဘူး။ လုပ်စရာလည်း အကြောင်း မရှိပါဘူး ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

ယမန်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာသည့် မစ္စတာရှောင်တာနယ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား ရုပ်ရှင်ဒါရိုက်တာ ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးတို့ကို ရန်ကုန်လေဆိပ် မှတဆင့် ပြည်နှင်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။

နစက အနေဖြင့် အဆိုပါ နိုင်ငံခြားသား (၄) ဦးကို ဖမ်းဆီးခဲ့ခြင်းမှာ ဥပဒေချိုးဖောက်၍ ဖမ်းဆီးခြင်းသာဖြစ်ပြီး နိုင်ငံရေးအပေးအယူ ပြုလုပ်ရန် မဟုတ်ကြောင်းလည်း ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစ‌‌တြေးလျ နိုင်ငံသား မစ္စတာရှောင်တာနယ်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မစ္စတာတိုရိုကူဘိုတာ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့် အမေရိကန်နိုင် ငံသားခံယူထားသည့် ကိုကျော်ဌေးဦးတို့အား ဖမ်းဆီးကာ ဥပဒေ ပုဒ်မအသီးသီးဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ် ပြီး လဝက ဥပဒေ၊ နိုင်ငံတော် လျို့ဝှက်အက်ဥပဒေတို့ကို ချိုးဖောက်ခြင်း၊ ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခြင်းတို့ကြောင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြော ကြားခဲ့သည်။

အဆိုပါ နိုင်ငံခြားသား (၄) ဦးကို ယမန်နေ့ ညနေပိုင်းကပင် ရန်ကုန်လေဆိပ်မှတဆင့် ပြည်နှင်ဒဏ်ပေးခဲ့ပြီး လက် ရှိတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here