နစက လက်ထက်တွင် အကျဉ်းသား ၆၀၀၀၀ ဝန်းကျင် လွှတ် ပေးခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

0
212

နစကအစိုးရအနေဖြင့် ၎င်းတို့ တာဝန်ယူသည့် ကာလအ တွင်း အကျဉ်းသား ၆၀၀၀၀ ဝန်းကျင်ကို လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုဝင်ဘာ (၁၈) ရက် နေ့လယ်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

နစက အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ လွတ်ငြိမ်းချမ်းသာခွင့် (၇) ကြိမ်ပေးခဲ့ပြီး အကျဉ်းသား ၅၉၀၀၀) ကျော်ကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြည်ပနိုင်ငံသားများပါဝင်သလို နိုင်ငံသား အကျဉ်းသားအများစု ပါဝင်ကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့ နိုဝင်ဘာ (၁၇) ရက်တွင် ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားနေ့တွင်လည်း နိုင်ငံခြားသား (၄) ဦးအပါအဝင် အကျဉ်းသား (၅၇၇၄) ဦးကို အကျဉ်းထောင်အသီးသီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း နစကက ကြေညာခဲ့ပြီးဖြစ်သည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်လည်လွတ်မြော က်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသားအချို့လည်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

နစကအနေဖြင့် ၂၀၂၁ ခုနှစ် ပြည်ထောင်စုနေ့တွင် နိုင်ငံ ခြားသား (၅၅) ဦး၊ ပြည်တွင်း (၂၃၃၁၄) ဦး စုစုပေါင်း (၂၃၃၆၉) ဦး၊ နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံခြားသား (၁၃၇) ဦး၊ ပြည်တွင်း (၂၃၀၄၇) ဦး စုစုပေါင်း (၂၃၁၈၄) ဦး၊ သီတင်း ကျွတ်လပြည့်နေ့တွင် ပြည်တွင်းနိုင်ငံသား (၅၆၇၀) ဦး၊ ၂၀၂၂ ခုနှစ် မတ်လ (၂) ရက်တွင် နိုင်ငံခြား သား တစ်ဦး ပြည်တွင်းနိုင်ငံသား (၆) ဦးစုစုပေါင်း (၇) ဦး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံခြားသား (၄၂) ဦး၊ ပြည်တွင်းနိုင်ငံသား (၁၅၇၇) ဦး စုစုပေါင်း (၁၆၁၉) ဦး၊ အောက်တိုဘာလ ၂၈ ရက်တွင် ပြည်တွင်းနိုင်ငံသား (၆)ဦးနှင့် အမျိုးသားနေ့တွင် နိုင်ငံခြားသား (၄) ဦး ပြည် တွင်းနိုင်ငံသား (၅၇၇၀) ဦး စုစုပေါင်း (၅၇၇၄) ဦး တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here