စီးပွားရေးသူလျှိုလုပ်သည်ဟုဆိုကာ တရုတ်နိုင်ငံသားတစ်ဦးအား အမေရိက၌ထောင်ဒဏ်နှစ် ၂၀ ချမှတ်

0
317

ဝါရှင်တန်၊နိုဝင်ဘာ ၁၇

အမေရိကနှင့်ပြင်သစ် အာကာသယာဉ်ကုမ္ပဏီများမှ နည်းပညာများခိုးယူမှုဖြင့် တရုတ်ထောက်လှမ်းရေးအရာရှိတစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ကြောင်း အမေရိကန်တရားရေးဌာနကပြောကြားခဲ့သည်။

အဆိုပါပုဂ္ဂိုလ် မစ္စတာရှူရန်ဂျင်းသည် တရုတ်အစိုးရထောက်ပံ့ထားသည့် စီမံချက်တွင် GE လေကြောင်းမှ ကူးသန်းရောင်းဝယ်ရေးလျှို့ဝှက်ချက်များကို ငါးနှစ်ကြာခိုးယူနေရာ၌ အဓိကတာဝန်ရှိသူတစ်ယောက်အဖြစ်ပါဝင်သည်ဟု စွပ်စွဲခံထားရခြင်းဖြစ်သည်။

GE Aviation အခြေစိုက်ရာ အိုဟိုင်းယိုးပြည်နယ် စင်စင်နာတီရှိဗဟိုတရားရုံးတွင် ၂၀၁၈ ခုနှစ်က စွဲချက်တင်ခံခဲ့ရသည့် ထောက်လှမ်းရေးအရာရှိနှစ်ဦးအပါအဝင် အမေရိက၌တရားစွဲခံထားရသည့် တရုတ်နိုင်ငံသား ၁၁ ဦးအနက် မစ္စတာရှူလည်းတစ်ဦးအပါအဝင်ဖြစ်သည်။

မစ္စတာရှူသည် လေကြောင်းကုမ္ပဏီများကို အဓိကပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။လေကြောင်းကုမ္ပဏီဝန်ထမ်းများအား တရုတ်နိုင်ငံသို့သွားရောက်ရန် စည်းရုံးလျက် ၎င်းတို့၏ကိုယ်ပိုင်အချက်အလက်များကိုတောင်းခံခဲ့သည်ဟု တရားရေးဌာနကဆိုလျက် ယခုလုပ်ဆောင်ချက်များသည် တရုတ်အစိုးရအတွက်လုပ်ပေးခြင်းဖြစ်သည်ဟုလည်းဆိုသည်။

“ဒီကိစ္စကရှင်းပါတယ်၊အမေရိကရဲ့ကုန်သွယ်မှုအချက်အလက်တွေ ပေါက်ကြားအောင်လုပ်တဲ့သူဘယ်သူမဆို ထိရောက်တဲ့အပြစ်ဒဏ်ခံရမယ်ဆိုတာပြလိုက်တာပါ” ဟု အိုဟိုင်းယိုးပြည်နယ်အစိုးရရှေ့နေ ကန်နက်သ်ပါကာကပြောကြားခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here