အမေရိက အောက်လွှတ်တော် ဥက္ကဌ ရာထူးမှ ပေလိုစီ ဆင်းပေး

0
248

အမေရိက အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီက နောင်လာမည့် မျိုးဆက်သစ်များအား နေရာပေးရန်အတွက် ဥက္ကဌနေရာမှ ဆင်းပေးမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

အောက်လွှတ်တော်ကို အမျိုးသမီးအနေဖြင့် ပထမဆုံး ဦးဆောင်ခွင့် ရရှိခဲ့သည့် အသက် ၈၂ နှစ်ရွယ် ပေလိုစီသည် လွှတ်တော်အတွင်းရှိ နေရာအများစုကို ရီပဗ္ဗလစ်ကန်များ ပြန်လည်ရရှိလာပြီးနောက် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

“ကျွန်မတို့ရဲ့ ပါတီအပေါ် ကောင်းကောင်း ယုံကြည်တဲ့အနေနဲ့ နောက်လာမယ့် ကွန်ဂရက်မှာ ဒီမိုကရက်တစ် ပါတီခေါင်းဆောင်အဖြစ် ပြန်လည်အရွေးခံဖို့ ကြိုးစားတော့မှာ မဟုတ်ပါဘူး” ဟု ပေလိုစီက အောက်လွှတ်၌ မိန့်ခွင့်ပြောရာတွင် ပြောကြားခဲ့သည်။

အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်တွင် ဘိုင်ဒင်က ပေလိုစီအား အမေရိကန် သမိုင်းတွင် အရေးပါ အရာအရောက်ဆုံးသော အောက်လွှတ်တော် ဥက္ကဌအဖြစ် တင်စားဖော်ပြခဲ့သည်။

ပေလိုစီသည် တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ အချိန်အတန်ကြာ ဝေဖန်ခဲ့သူအဖြစ် လူသိများပြီး ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း တရုတ်အာဏာပိုင်များ အကြိမ်ကြိမ်သတိပေးသည့်ကြားမှ ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခဲ့သူ ဖြစ်သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here