အာရှသည် အင်အားကြီးနိုင်ငံများ၏ အားပြိုင်ရာ စစ်တလင်း ဖြစ်မလာစေရဟုရှီ ပြော

0
255

ဘန်ကောက်၊ နိုဝင်ဘာ ၁၈

တရုတ်သမ္မတ ရှီကျင့်ဖျင်က အာရှ-ပစိဖိတ်ဒေသသည် အင်အားကြီးနိုင်ငံများ၏ အာဏာလုရာ စစ်တလင်း ဖြစ်မလာသင့်ကြောင်း ပြောကြားကာ ပေကျင်းနှင့် ဝါရှင်တန်ကြားရှိ အားပြိုင်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သော စစ်အေးတိုက်ပွဲ တင်းမာမှုများနှင့် ပတ်သက်၍ သတိပေးလိုက်သည်။

ဘန်ကောက်တွင် ကျင်းပမည့် အာရှ-ပစိဖိတ်ဆိုင်ရာ စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ခေါ် အေပက်ထိပ်သီးအစည်းအဝေး မတိုင်ခင် ရှီက ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အုပ်ချုပ်နေတဲ့အချိန်အတွင်းမှာ စစ်အေးတိုက်ပွဲသစ် စတင်ဆင်နွှဲဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ရှီက အေပက်ထိပ်သီးအစည်းအဝေးနှင့် ဆက်နွှယ်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ရေးသားထားသော မှတ်ချက်တွင် ပြောကြားခဲ့သည်။

တစ်ဖက်သပ် ဆုံးဖြတ်ချက်ချသော ဝါဒနှင့် ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုများမှ အကာအကွယ်ပေးသည့် ဝါဒကို အားလုံးက ဆန့်ကျင်သင့်ကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးအား နိုင်ငံရေးအတွက် ခုတုံး လုပ်ရန်နှင့် လက်နက်အဖြစ် အသုံးပြုရန် ကြိုးပမ်းလာသမျှကိုလည်း ဆန့်ကျင်သင့်သည်ဟု ရှီက ပြောခဲ့သည်။

ရှီသည် အမေရိကန်၏ ထိပ်တန်းအရာရှိများ ထိုင်ဝမ်သို့ သွားရောက်လည်ပတ်ခဲ့ခြင်းအပြင် မြောက်ကိုရီးယားအရေးကြောင့် တောင်ကိုရီးယားနှင့် ဂျပန်ကဲ့သို့သော ဒေသတွင်း မဟာမိတ်များနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းလာသည့် နောက်ပိုင်း ယခုကဲ့သို့ သတိပေးလာခြင်း ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here