ရန်ကုန် – ပုသိမ်ကားလမ်းတွင် Dyna ယာဉ်နှင့် ဆီဘောက်ဆာယာဉ် မျက်နှာချင်းဆိုင်တိုက်မိ၊ ၈ ဦး ဒဏ်ရာရ

0
231

ရန်ကုန် – ပုသိမ်ကားလမ်းတွင် ယနေ့ (နို၀င် ဘာ ၁၈) နံနက်ပိုင်းက Dyna ယာဉ်နှင့် ဆီဘောက်ဆာယာဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် ၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၉/၂)နှင့် (၁၉/၃)ကြားတွင် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ညောင်တုန်းဘက်မှ မအူပင်ဘက်သို့မောင်းနှင်လာသော Dyna အမျိုးအစား(အဖြူရောင်)ယာဉ်နှင့် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော Nissan အမျိုးအစား ဆီဘောက်ဆာ(ဆီမပါ)ယာဉ်တို့သည် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

” အရှိန်မထိန်းနိုင်ပဲ တိုက်မိကြတာပေါ့ နှစ်ဖက် ယာဉ်မောင်းတွေ ဒဏ်ရာရတယ်။ ဆီဘောက်ဆာကားယာဉ်မောင်းကတော့ ခေါင်းခန်းမှာ ညညပ်နေလို့ မနည်းကူလိုက်ရတယ်” ဟု ကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူ တစ်ဦးကပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကျား (၃) မ (၅) စုစုပေါင်း ထိခိုက်ဒဏ်ရာ ရခဲ့သူ (၈) ဦးထိရှိခဲ့ပြီး ကျား (၃)၊ မ (၁) အား ရန်ကုန်ပြည်သူ့ဆေးရုံသို့လည်ကောင်း၊ မ(၁)ဦးအား မအူပင်ပြည်သူ့ဆေးရုံသို့လည်ကောင်း၊ မ(၄)ဦးအား ဆားမလောက်ဆေးရုံသို့လည်းကောင်း လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here