မဲခေါင်-လန်ချန်းဒေသအဖွဲ့သည် လက်တွေ့လုပ် ဆောင်နေသည့်အဖွဲ့ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
155

နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲအား နေပြည်တော် ၌ နိုဝင်ဘာ ၁၈ ရက်(ယနေ့)နေ့လည် ၁ နာရီကကျင်းပစဥ် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်-မြန်မာဆက်ဆံရေးဟာ မဟာဗျူဟာမြောက်ဆက်ဆံရေးဖြစ်ပါတယ် ဆွေမျိုးပေါက် ဖော်ဆက်ဆံရေးဆိုပြီးတော့လည်း ဆောင်ရွက်တာရှိပါတယ် မဲခေါင်-လန်ချန်းဒေသအဖွဲ့ဟာ လက်တွေ့လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် မဲခေါင်-လန်ချန်းဒေသသည် အဓိကအနေဖြင့်တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မဲခေါင်-လန်ချန်းဒေသတွင် လက်တွေ့လုပ်ဆောင်နေသည့် ဖွံ့ဖြိုးတိုးတက်နေသော စီမံကိန်းများလည်းရှိကာ မြန်မာနိုင်ငံအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ One Map , One Road စီမံကိန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ် မြန်မာနိုင်ငံအနေနဲ့ မဲခေါင်-လန်ချန်းဒေသ မဲခေါင်-လန်ချန်းအစည်းအဝေးတွေနဲ့ပတ်သက်ပြီး အလေးအနက်ထားပါတယ် စီမံကိန်းတွေနဲ့ပတ် သက်ရင်လည်း အလေးအနက်ထားဆောင်ရွက်နေပါတယ် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့မဟာ ဗျူဟာအရဆက်ဆံရေး ဆွေမျိုးပေါက်ဖော်ဆက် ဆံရေးကို အမြဲတမ်းထိန်းသိမ်းပြီး တိုးတက်အောင်ဆောင်ရွက်သွားမယ့်မူဝါဒပဲရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် တရုတ်-မြန်မာ ဆက်ဆံရေးသည် အရေးကြုံလာသည့်အချိန်၌ ပိုပြီးသိသာကာ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်သည့်အချိန် ကူးစက်ခံရမှုမြင့်မားခြင်း၊ ဆေးရုံရောက်မှုမြင့်မားခြင်းနှင့်သေဆုံးသူမြင့်မားမှုများရှိချိန်က နိုင်ငံအတွက် အမှန်တကယ်လိုအပ်နေသည့် အောက်ဆီဂျင်အား တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှရရှိခဲ့ပြီး ၎င်းတို့မှလည်းခွင့်ပြုပေးခဲ့ကြသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အောက်ဆီဂျင်အရည်သည် မီးလောင်လွယ်သည့် ပစ္စည်းဖြစ်ကာ ပေါက်ကွဲလွယ်သည့်ပစ္စည်းလည်းဖြစ်၍ အောက်ဆီဂျင်အရည်နှင့်ပတ်သက်ပါက တရုတ်နိုင်ငံသည် အလွန်ဂရုစိုက်ပြီး တင်းကြပ်သည့်စည်းကမ်းချက်များလည်းရှိသည်ဟု ပြော သည်။

“စည်းကမ်းတင်းကြပ်ပေမယ် မြန်မာနိုင်ငံမှာဖြစ် လာတဲ့အခါ လိုအပ်လာတဲ့အခါမှာ တရုတ်နိုင်ငံက အဲဒီတင်းကြပ်တဲ့စည်းကမ်းတွေအားလုံးကိုဖြေလျော့ပြီး အကူအညီပေးခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

မြန်မာနိုင်ငံ၏ ကိုဗစ်(၁၉)ရောဂါ တတိယလှိုင်းကာလအတွင်း၌ တရုတ်၊ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့မှလိုအပ်သည့် ကိုဗစ်ရောဂါကုသရေးပစ္စည်းများ၊ကိုဗစ်ဆေးများအား ကူညီပေးခဲ့ကြသည်ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here