နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်အား မကြာမီပြဌာန်းမည်ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးပြော

0
261

UEC အဖွဲ့ဝင် ဦးခင်မောင်ဦးမှ နိုဝင်ဘာ ၁၈ ရက် (ယနေ့)နေ့လည် ၁ နာရီက နေပြည်တော်၌ပြုလုပ်ခဲ့သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

UEC အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်း ပနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကာ နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ကိုလည်း မကြာမီပြဌာန်းမည်ဟု ပြောသည်။

“ဒီဥပဒေကိုပြဌာန်းလိုက်တဲ့အခါမှာ လက်ရှိတည်ဆဲနိုင်ငံရေးပါတီတွေကလည်း ဥပဒေနဲ့အညီဆက် လက်ဆောင်ရွက်ရမယ့်ကိစ္စတွေရှိသလို နိုင်ငံရေးပါတီအသစ်တွေကလည်း တည်ထောင်ခွင့် မှတ် ပုံတင်ခွင့်တွေ လျှောက်ထားဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကပြော သည်။

UEC အနေဖြင့် နိုင်ငံရေးပါတီများဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍ တပြေးညီဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ပါတီတစ်ခုခြင်းအားသီးခြားညှိ နှိုင်းဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ပြောသည်။

“UEC အနေနဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုတာ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်နေပါတယ် ရွေးကောက်ပွဲတွေကျင်းပနိုင်ဖို့အတွက် မဲဆန္ဒနယ်မြေတွေရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးတွေကလည်း အရေးကြီးတဲ့ကိစ္စတွေဖြစ်ပါတယ်” ဟု UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောသည်။

ရွေးကောက်ပွဲကျင်းပမည်ဆိုပါက သက်ဆိုင်ရာလွှတ်တော်၊ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများပါဝင်ကာ နည်းဥပဒေ ၁၆ တွင် ရွေးကောက်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ကော်မရှင်မှရွေး ကောက်ပွဲဆိုင်ရာကြော်ငြာချက်များအား ထုတ် ပြန်သည်ဟု ပြောသည်။

“ကျွန်တော်တို့က ရွေးကောက်ပွဲဆိုင်ရာကြော်ငြာချက်တွေကိုထုတ်ပြန်မှာပါ ဘယ်ရက်မှာကျင်းမမယ် ဘယ်အချိန်မှာကိုယ်စားလှယ်လောင်းတွေတင်သွင်းရမယ် ဘယ်အချိန်မှာပိတ်သိမ်းမယ် ဘယ်အချိန်မှာစီစစ်မယ်ဆိုတာတွေကို ဆင့်ကဲဆင့်ကဲထုတ်ပြန်ကြော်ငြာပေးသွားမှာပါ”ဟု UEC အ ဖွဲ့ဝင် ဦးခင်မောင်ဦးကပြောသည်။

ရွေးကောက်ပွဲကျင်းပမှုအခြေအနေ၊ ရွေးကောက် ပွဲဆိုင်ရာထုတ်ပြန်ချက်များအား အချိန်မီထုတ်ပြန်ပေးသွားမည်ဟု UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here