တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေးကိုရှေးရှု၍ အကျဥ်းကျခံနေရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၄၁ ဦးအား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြု

0
346

နစက ဥက္ကဋ္ဌမှ နိုဝင်ဘာ ၁၇ ရက်ကကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားနေ့အား ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများမှ အချို့အားပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုရာ၌ နစက မှ အမိန့်အ မှတ်(၇၅/၂၀၂၂)ဖြင့် နိုဝင်ဘာ ၁၈ ရက်(ယနေ့) တွင် အကျဥ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များကိုလည်း အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုခြင်း၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကိုရှေးရှု၍ ပြစ်ဒဏ်များမှလွတ် ငြိမ်းခွင့်ပြုခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၄၁ ဦးတွင် AA လက်နက် ကိုင်အဖွဲ့ဝင် ၁၇ ဦး၊ KlA လက်နက်ကိုင်အဖွဲ့ဝင် ၁၇ ဦး၊ RCSS/SSA လက်နက်ကိုင်အဖွဲ့ဝင် ၅ ဦးနှင့် KNU/KNLA လက်နက်ကိုင်အဖွဲ့ဝင် ၂ ဦးတို့ဖြစ်သည်။

၎င်းတို့အား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုရာ တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here