ယ​နေ့ ဆက်လက်ထုတ်ပြန်​သော ဘွဲ့ထူး၊ဂုဏ်ထူး ​ပေးအပ်သည့်အမိန့်စာ တွင်နဝတ ​ခေတ် ဝန်ကြီးများပါဝင်

0
1063


နစက ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုး၍ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံတော်တာဝန်များအားထမ်းဆောင်ခဲ့သည့် ဝန်ကြီးများ၊ ပြည်နယ်/တိုင်း ဥက္ကဋ္ဌများကို ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်အပ်နှင့်သည်ဟု အမိန့်ကြော်ငြာစာအမှတ်(၂၁၃/၂၀၂၂) ဖြင့် နိုဝင်ဘာ ၁၈ ရက်(ယနေ့)တွင် ဆက်လက်ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် စည်သူဘွဲ့အား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီးအေးသောင်နှင့်ဗိုလ်ချုပ်ဥာဏ်လင်းတို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့အား နဝတ ခေတ်တွင် ဝန်ကြီးဌာန ၁၅ ခု၌တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးများ၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင် ခဲ့သည့် ဥက္ကဋ္ဌများ၊ ချင်းပြည်နယ်၊ကယားပြည် နယ် အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဥက္ကဋ္ဌများ၊ မန္တ လေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့တော်ဝန်တာဝန်ထမ်းဆောင်ခဲ့သူများအား ချီးမြှင့်အပ်နှင်းခဲ့သည်။
အမိန့်စာပါအများစုမှာ ကွယ်လွန်သွားကြပြီဖြစ်သည်။

ထို့ပြင် ဝဏ္ဏကျော်ထင်ဘွဲ့အား ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံး၌ ဒု-စာရင်းစစ်ချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ၂ ဦး၊ ဝန်ကြီးဌာန ၄ ခုတွင် ဒု-ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ၄ ဦးတို့ကိုလည်း ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌမှလက်မှတ်ရေးထိုး၍ အမိန့်ကြော်ငြာစာအမှတ်(၂၁၄/၂၀၂၂)ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီ၏ မြို့တော်ဝန်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးလှမြင့်နှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့တော်ဝန်တာဝန်ထမ်းဆောင်​နေသည့် ဦးကျော်ဆန်း တို့အားချီးမြှင့်အပ်နှင်းခဲ့သည်။

ဝဏ္ဏကျော်ထင်ဘွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သံအမတ်ကြီး(ငြိမ်း)ဦးနေဝင်း၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် စီမံထူး ချွန်တံဆိပ်(ဒုတိယအဆင့်)အား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဦးရဲကျော်တို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here