နောင်အနာဂတ်တွင်လည်းအပြုသဘောဆောင်သည့် ခြေလှမ်းလုပ်ဆောင်မှုများ ချမှတ်လုပ်ဆောင်နိုင်မည်ကိုမျှော်လင့်ဟုမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး‌ ကော်မရှင်မှ ထုတ်ပြန်

0
224

နစက မှ နိုဝင်ဘာ ၁၇ ရက်က ၁၀၂ နှစ်မြောက် အမျိုးသားနေ့အား ဂုဏ်ပြုသည့်အနေဖြင့် တစ် နိုင်ငံလုံးရှိ အကျဥ်းထောင်အသီးသီ အကျဥ်းသားများအား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခြင်းနှင့်အမှုပိတ်သိမ်းပေးခြင်းတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ချက်အမှတ်(၄/၂၀၂၂)ဖြင့် ထုတ်ပြန်ခဲ့သည်။

နစက မှ အမိန့်အမှတ် ၇၀/ ၂၀၂၂၊ ၇၁/ ၂၀၂၂၊ ၇၂/ ၂၀၂၂၊ ၇၃/ ၂၀၂၂ နှင့် ၇၄/ ၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊အကျဉ်းစခန်းနှင့်အလုပ်စခန်းအသီးသီးတို့၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အ ကျဉ်းသား၊အကျဉ်းသူ(စုစုပေါင်း ၅၇၇၄ ဦး)နှင့် အခြားအကျဉ်းသား ၅ ဦးတို့ကို ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုခဲ့သည်။ 

ထို့ပြင် အမှုဖွင့် တရားစွဲဆိုခံထားရသည့် အနုပ ညာရှင် ၁၁ ဦးအားစွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား/သူ ၄ ဦးတို့ကိုလည်း ပြစ်ဒဏ်များလွတ်ငြိမ်းခွင့်ပြု၍ ပြည် နှင်ဒဏ်ပေးခဲ့သည်။ 

ထိုသို့ နစက ဥက္ကဋ္ဌ၏ လူသားချင်းစာနာထောက် ထားမှုဖြင့် ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့် မြတ်သည့် လုပ်ဆောင်ချက်များဖြစ်ကာ ယင်းသို့ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်သော ရည်ရွယ် ချက်အား အမျိုးမျိုးဖော်ပြပြောဆိုမှုများရှိသော် လည်း သက်ဆိုင်ရာမိသားစုများအနေဖြင့် ၎င်းတို့၏ မိသားစုဝင်များနှင့်ပြန်လည်ပေါင်းစည်းခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ကြရသည် မှာ အထင်အရှားပင်ဖြစ်သည်ဟု ထုတ်ပြန်ချက် ၌ရေးသားထားသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးအကျိုးစီးပွားများအတွက် နောင်အနာဂတ်တွင်လည်း အလားတူ အပြုသ ဘောဆောင်သည့် ခြေလှမ်းလုပ်ဆောင်မှုများချ မှတ်လုပ်ဆောင်နိုင်မည်ကို မျှော်လင့်ပါသည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၏ ထုတ်ပြန်ချက်၌ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here