ငပလီဆောင်းဦးပွဲတော်ကို အားကစားပွဲများထည့်သွင်း၍ နိုဝင်ဘာ ၂၁ ရက်တွင်ကျင်းပမည်

0
274

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေ၏ ငပလီဆောင်းဦးပွဲတော်အား တတိယအကြိမ်မြောက်အဖြစ် ဖျော်ဖြေရေးအစီအစဥ်များ၊အား ကစားပွဲများထည့်သွင်း၍ နိုဝင်ဘာ ၂၁ ရက်တွင်ကျင်းပသွားမည်ဖြစ်သည်။

ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်သည့်အနေဖြင့်ကျင်းပခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။

သဲသောင်ပြင်ဘောလီဘောပြိုင်ပွဲ၊လွန်ဆွဲပြိုင်ပွဲ၊ချောတိုင်တက်ပြိုင်ပွဲ၊သဲပန်းချီပြပွဲနှင့်စက်ဘီးစီးပွဲများအား ငပလီကမ်းခြေ၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် ဖွင့်ပွဲအခမ်းအနားနှင့်ဖျော်ဖြေရေးအစီအစဥ်များအား ငပလီကမ်းခြေရှိ Ngapali Paradise Hotel ၌ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ သိရသည်။

တတိယအကြိမ်ငပလီဆောင်းဦးပွဲတော်ကျင်းပရန်အတွက် အခမ်းအနားကျင်းပမည့်နေရာနှင့်အားကစားပွဲများကျင်းပမည့်ကမ်းခြေနေရာများအား တာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ငပလီကမ်းခြေဆောင်းဦးပွဲတော်အား ၂၀၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

photo credit- Myawady Webportal


LEAVE A REPLY

Please enter your comment!
Please enter your name here